ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်ထားနိုင်

0
137

ရန်ကုန်မြို့ရှိ၊ ထိုင်းသံရုံးတွင် ရွှေ့ပြောင်းလုပ်သား ဗီဇာ လျှောက်ထားနိုင်ပြီး Non-LA Visa များကို တစ်နေ့ အယောက် (၄၀၀) နှုန်းဖြင့် လျှောက်ထားနိုင်ကြောင်း ရန်ကုန်၊ထိုင်းသံရုံးမှ အသိပေးထားသည်။

MOU ကုမ္ပဏီများ အနေဖြင့် သံရုံး website မှတဆင့် ဘွတ်ကင်ယူပြီးမှသာ လျှောက်ထားနိုင်ပြီး ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်သည် အစိုးရ ရုံးဖွင့်ရက် (၃) ရက်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗီဇာလျှောက်ထားရာတွင် လျှောက်ထားသူများသည် ချမှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာလျှောက်ထားစေလိုကြောင်း အသိပေးထားသည်။

လျှောက်ထားသူများအနေဖြင့် သတိထားရန် လိုအပ်သည့်အချက်များမှာသံရုံး website မှတဆင့်ဘွတ်ကင်တင်ခြင်း၊ မိမိရရှိသောရက်ချိန်းအတိုင်း သံရုံးသို့ဗီဇာလာရောက်လျှောက်ထားရန်၊ လျှောက်ထားဗီဇာရရှိပြီးပါက မိမိကိုယ်ရေးကိုယ်တာ အချက်အလက်များအား ဗီဇာစာမျက်နှာပေါ်တွင် မှန်မမှန်သေချာစစ်ဆေးရန်နှင့် မှန်ကန်သောလေကြောင်းလက် မှတ်ဝယ်ယူခြင်းပြုလုပ်ရန်တို့ဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းလုပ်သား (Non-LA Visa)သည် ဗီဇာရရှိပြီးချိန်မှ ရက်ပေါင်း (၉၀) အတွင်းအကျုံးဝင်သောကြောင့် MOU ကုမ္ပဏီများအနေဖြင့် ထွက်ခွာရန်လိုအပ်သော အခြားပြင်ဆင်မှုများကို ၎င်းအချိန်တွင်း ပြင်ဆင်နိုင်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနသည် ရွှေ့ပြောင်းလုပ်သားဗီဇာများအားနေထိုင်ခွင့် (၂) နှစ်ကို အခကြေး ငွေထပ်မံကောက်ခံခြင်းမရှိဘဲ စတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ပြုပေးထားပြီး မိမိ၏ လိုအပ်ချက်နှင့် ပေါ့လျော့မှုများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြသနာများအား သံရုံးမှတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အ သိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here