မေလအတွင်း ပြောင်းတင်ပို့မှု လျာထားချက်ထက်ကျော်လွန်

0
477

ပြီးခဲ့သည့် မေလကုန်အထိ ပြည်ပသို့ ပြောင်းတန်ချိန် ၄ ဒသမ ၇၈ သိန်းတင်ပို့နိုင်ခဲ့ပြီး လျာထားချက်ထက် ပြည့်မီကျော်လွန်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပသို့ ပြောင်းစေ့တင်ပို့ခြင်းကို ယခုဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်ဖြစ်သော ဧပြီ၊မေ၊ ဇွန်လ လျာထားချက်မှာ တန်ချန် ၃ ဒသမ ၈ သိန်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မေလကုန်အထိ စာရင်းများအရ ပြောင်းတန်ချိန် ၄ ဒသမ ၇၈ သိန်းတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဇွန်လလျာထားချက်အပေါ်  ပြည့်မီကျော်လွန်နိုင်ရေး အလေးပေးဆောင်ရွက်လျက်ရှိရာ ဇွန်လ (၅) ရက်အထိ စာရင်းများအရ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ပြောင်းတင်ပို့မည့် သင်္ဘော (၁၄) စင်း ဆိုက်ကပ်လျက်ရှိပြီး အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ပြောင်းတန်ချိန် ၃၂၀၅၈ တန်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ပြောင်းတန်ချိန် ၉၅၀၀၊ မြန်မာ့စက်မှုဆိပ်ကမ်းမှ ပြောင်းတန်ချိန် ၃၆၅၀၀၊ ဆူးလေဆိပ်ကမ်းမှ ပြောင်းတန်ချိန် ၂၀၆၇၂ တန်၊ ယခင် ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ ပြောင်းတန်ချိန် ၂၅၀၀၀ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီလဝါဆိပ်ကမ်းမှ ပြောင်းတန်ချိန် ၂၇၅၀၀၊ Myanmar Integrated Port Limited မှ ပြောင်းတန်ချိန် ၂၆၀၀၀၊ Wilmar International Port Terminal မှ ပြောင်းတန်ချိန် ၁၁၀၀၀၊ သီလဝါဆိပ်ကမ်း(Thilawa Multi-purpose International Port Terminal) မှ ပြောင်းတန်ချိန် ၂၅၀၀၀၊ ရွှေမဲဆိပ်ကမ်းမှ ပြောင်းတန်ချိန် ၂၇၀၀ နှင့် မင်းထက်မင်းဆိပ်ကမ်းမှ ပြောင်းတန်ချိန် ၅၄၀၀ စုစုပေါင်းပြောင်း တန်ချိန် ၂၂၁၃၃၀ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ပြောင်းတင်ပို့မှုကို ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်ထိ အိမ်နီးချင်းထိုင်းနိုင်ငံမှ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသဖြင့် ယခုနှစ် ဩဂုတ်လကုန်အထိ ပြောင်းစေ့ပို့ကုန်များ အချိန်မီတင်ပို့နိုင်ရေး လျာထားဆောင်ရွက်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here