ယူကရိန်းစစ်အဆုံးသတ်ရေး ဇလန်းစကီးနှင့်ကာတာစော်ဘွားဆွေးနွေး

0
726
In this handout photograph taken and released by the Qatari Emiri Diwan on June 5, 2024, shows Qatar's Emir Sheikh Tamim bin Hamad al-Thani (R) meeting with Ukraine's President Volodymyr Zelensky at the Lusail Palace in Lusail. - Ukrainian President Volodymyr Zelensky arrived in Qatar on June 5, he said on social media, to discuss the return of Ukrainian children from Russia and other issues. Since July 2023, Qatar has helped bring back dozens of children taken to Russia and occupied territories during the more than two-year war, an issue that is highly sensitive in Ukraine. (Photo by Handout / Qatar Emiri Diwan / AFP)

ဒိုဟာ၊ဇွန် ၅

ယူကရိန်းသမ္မတဇလန်းစကီးနှင့် ကာတာစော်ဘွားတို့သည် ဇွန် ၅ ရက်တွင်တွေ့ဆုံခဲ့ကြပြီး ရုရှားနှင့်ယူကရိန်း၏ ၂၇ လကြာဖြစ်ပွားနေသည့်ပဋိပက္ခကို အဆုံးသတ်ရန်နည်းလမ်းများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကိုဖွင့်ထားရေးကို ဆွေးနွေးခဲ့ကြကြောင်း ကာတာနိုင်ငံပိုင်သတင်းအေဂျင်စီ QNA ကဖော်ပြခဲ့သည်။

ယခုဆွေးနွေးပွဲတွင် စစ်ပွဲရပ်တန့်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးပမ်းအားထုတ်မှုများ၊အရပ်သားများကို ကာကွယ်ရေး နှင့် အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးကာ သံတမန်နည်းလမ်းများဖြင့်ဖြေရှင်းရေး အတွက်ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကို ဖွင့်ထားရေးတို့ကိုအဓိကဆွေးနွေးခဲ့ကြောင်း QNA ကပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းမှုများကိုလည်းဆွေးနွေးခဲ့ကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။

ဇလန်းစကီးသည် ယူကရိန်း၏ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးကိုပံ့ပိုးပေးပြီး ရုရှားကို ရှုံ့ချသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ကာတာက ထောက်ခံမှုအတွက် ကျေးဇူးတင်ရှိကြောင်းလည်းပြောကြားခဲ့သည်။

ဇလန်းစကီးသည် ဆွစ်ဇာလန်နိုင်ငံ၌ ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပရန်စီစဉ်ထားသော ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် နိုင်ငံများသို့ခရီးထွက်စည်းရုံးနေခြင်းဖြစ်ပြီး အထူးသဖြင့် ကမ္ဘာ့တောင်ပိုင်းမှနိုင်ငံများကို ပိုမိုဆွဲဆောင်နိုင်ရန် အင်တိုက်အားတိုက်လုပ်ဆောင်နေခြင်းလည်းဖြစ်သည်သည်။

ယခုဆွေးနွေးပွဲသို့ နိုင်ငံနှင့်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်တက်ရောက်ရန် သဘောတူညီခဲ့ကြောင်း ယူကရိန်းအရာရှိများကပြောကြားခဲ့ပြီး  ယူကရိန်း၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၁ သည် အဆိုပါ အစည်းအဝေးပွဲသို့တက်ရောက်ရန် ပေကျင်းကို ဆွဲဆောင်ရန်လည်း ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံသို့ရောက်ရှိခဲ့သည်ဟုသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here