ပွင့်ဖြူမြို့နယ်၌ စားသုံးဆီများ ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေးနှင့်ကျန်းမာရေးထိခိုက်စေသည့်ဆီများ ရောနှောရောင်းချခြင်းမရှိစေရေးလုပ်ဆောင်

0
127

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စားသုံးဆီများ ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး အရောင်းဆိုင်များအား မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဈေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ဇွန် (၅)ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ပူးပေါင်း၍ မြို့ပေါ်ရှိ စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆီချိန်တွယ်မှု မှန်ကန်ရေး အလေးထားဆောင်ရွက်ရန်၊ ကျန်းမာရေးဆိုးကျိုးဖြစ်စေသော တရားမဝင်ဆီများနှင့် ရောနှောရောင်းချခြင်းမပြုရန်၊ စားသုံးဆီများ တင်သွင်းရောင်းချရာ၌ လိုက်နာရမည့် စားသုံးသူအခွင့်အရေးများဆိုင်ရာ သိကောင်းစရာများ၊ လိုက်နာရန်ပျက်ကွက်ပါက အရေးယူခံရမည့် ပြစ်မှု ပြစ်ဒဏ်များကိုလည်း အသိပညာပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here