ယနေ့ ဂျပန် – မြန်မာ ပွဲစဉ်တွင် မြန်မာအသင်းနည်းပြချုပ် မိုက်ကယ်ဖိုင်တန်ဘိုင်နာ ကွင်းအတွင်းဝင်ရောက်ကြီးကြပ်ခွင့်မရ

0
154

ယနေ့ဇွန်(၆)ရက် ညနေ (၆)နာရီ မိနစ် (၄၀)အချိန်တွင် ဂျပန် – မြန်မာ လက်ရွေးစင်အသင်း ‌ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းနည်းပြချုပ် မိုက်ကယ်ဖိုင်တန်ဘိုင်နာ ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့်မရရှိကြောင်း သိရသည်။

ယမန်နေ့ ဇွန်(၅)ရက် ပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ခြင်းဖြစ်ကာ ယင်းအတွက် ကစားသမားများ အနေဖြင့်လည်း ပြဿနာမရှိကြောင်း အသင်းခေါင်း ဆောင် မောင်မောင်လွင်က ပြောကြားထားသည်။

မိုက်ကယ်ဖိုင်တန်ဘိုင်နာသည် ဆီးရီးယားဖြင့် ကစားသည့် ပွဲစဥ် နှစ်ပွဲစလုံးတွင် အဝါကတ် ဆက်တိုက်အပြခံထားရခြင်းကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံထားရခြင်းဖြစ်သည်။

ဆီးရီးယား- မြန်မာ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအကျော့ခြေစစ်ပွဲအား အဝေးကွင်းပွဲစဉ်တစ်ခုအဖြစ် ဆော်ဒီအားရေဗျနိုင်ငံ၊ ဒါမန်းမြို့ရှိ Prince Mohamed bin Fahd Stadiu m တွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဆီးရီးယားအသင်းက (၇)ဂိုးသွင်းယူကာ ဂိုးပြတ်ဖြင့် မြန်မာအသင်းကို အနိုင်ရရှိထားသည်။

ပြီးခဲ့သည့် မတ်လ (၂၁)ရက် ညနေ (၆)နာရီအချိန်၌ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်း ဆီးရီးယား – မြန်မာ လက်ရွေးစင်အသင်းတို့ ပထမအ‌ကျော့ယှဉ်ပြိုင်တစ်ဘက် တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here