ယူကရိန်းကိုထောက်ပံ့နေပါက အနောက်အုပ်စုကိုထိခိုက်စေမည့်လက်နက်ကူညီပေးမည်ဟုပူတင်ဆို

0
670
In this pool photograph distributed by Russian state agency Sputnik, Russia's President Vladimir Putin speaks with heads of International news agencies in Saint Petersburg on June 5, 2024. - (Photo by Valentina PEVTCOVA / POOL / AFP)

စိန့်ပီတာစဘတ်၊ဇွန် ၆

အနောက်အုပ်စုက ယူကရိန်းသို့ တာဝေးပစ်ဒုံးများကို ပံ့ပိုးပေးခြင်းကို ရုရှားသမ္မတပူတင် ဝေဖန်ရှုံ့ချခဲ့ပြီး ယင်းသို့ဆက်လုပ်နေပါက ၎င်းအနေဖြင့်လည်း အနောက်အုပ်စုကို တိုက်ခိုက်လိုသည့်နိုင်ငံများကို လက်နက်ပေးပို့ကူညီ‌သွားရလိမ့်မည်ဟု သတိပေးစကားဆိုခဲ့သည်။

အမေရိကအပါအဝင် အနောက်အုပ်စုနိုင်ငံများက ရုရှားပိုင်နက်အတွင်းရှိပစ်မှတ်များကို တိုက်ခိုက်ရန် ၎င်းတို့က ပံ့ပိုးပေးထားသည့်လက်နက်များကိုအသုံးပြုခွင့်ပေးလိုက်ခြင်းကြောင့် သမ္မတပူတင်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းလည်းဖြစ်သည်။

“ကိုယ့်တိုင်းပြည်နဲ့စစ်ဖြစ်နေတဲ့‌နိုင်ငံတစ်ခုကို လက်နက်ထောက်ပံ့ပေးပြီး တိုက်ခိုက်စေတဲ့နိုင်ငံတွေအတွက် သူတို့အထိနာမဲ့နေရာတွေကိုပြန်တိုက်နိုင်ဖို့ သူတို့ကိုတိုက်မဲ့သူတွေကို တူညီတဲ့လက်နက်ပြန်ပံ့ပိုးပေးတာမျိုးက တရားမျှတပါတယ်” ဟုလည်း၎င်းကဆိုသည်။

စစ်ပွဲဇုန်ကိုလက်နက်ထောက်ပံ့ပေးတာနဲ့တင် ဆိုးရွားနေပါပြီ၊အဲ့ဒါနဲ့သာမက လက်နက်ထောက်ပံ့ပြီး ထိန်းချုပ်ထားဦးမယ်ဆိုရင် ပိုဆိုးနေပါပြီဟုလည်း သမ္မတပူတင်ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here