AGD ဘဏ်၏ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးများနှင့်အတူ ဘဏ်၏ ၂၀၂၄ ခုနှစ် ဆောင်ပုဒ်ဖြစ်သော “Empowering Lives, Embracing Green” ရည်မှန်းချက်…*

0
99

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကြရောက်ခဲ့သော “World Environment Day” အားကြိုဆိုဂုဏ်ပြုသောအားဖြင့် AGD ဘဏ်မှ ရန်ကုန်မြို့၊ ရွာသာကြီးတွင် အပင်ပေါင်း (၁,၀၀၀) အား ဘဏ်မိသားစုဝင် ဝန်ထမ်းများ အားလုံးမှအတူတကွ ပြုစုပျိုးထောင်ပေးခဲ့ကြရာ (Nurture Nature Initiative) ဘဏ်၏ ၂၀၂၄ ခုနှစ် ဆောင်ပုဒ်ဖြစ်သော “Empowering Lives, Embracing Green” ရည်မှန်းချက်ကို ဆက်လက်ပုံဖော်ဆောင်ရွက်လျက်ရှိနေကြောင်း အဆိုပါဘဏ်မှကြားသိရပါတယ်။

၎င်းမှာ ၂၀၂၄ ခုနှစ် AGD ဘဏ် “grow’ CSR Program ကြီး၏ ပဏာမခြေလှမ်းအဖြစ် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာဆောင်အားလုံးရှိ လူနာပေါင်း (၁,၀၀၀) အား အာဟာရဖြည့်တင်းပေးခဲ့ပြီးနောက် (Nourish Care) အထက်ဖော်ပြပါ သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်တယ်လို့ AGD ဘဏ်မှ ဖော်ပြထားပါတယ်။

“ရှေ့ဆက်ပြီးတော့လည်း ဘဏ်က လူမှုအသိုင်းအဝန်းတိုးတက်ဖို့နဲ့ ပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို မြှင့်တင်နိုင်မယ့် အခွင့်အလမ်းတွေကို ဆက်လက်ရှာဖွေပြီး တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသမျှ ပါဝင်အားဖြည့်သွားမှာ ဖြစ်ပါတယ်” ဟု AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦးမှ ဘဏ်၏ ရှေ့ဆက်လုပ်ဆောင်မည့် “grow” CSR program နှင့်စပ်လျင်း၍ ပြောကြားပါတယ်။

AGD ဘဏ်ရဲ့ “grow” CSR program အကြောင်း ပိုမိုလေ့လာလိုပါက ဤနေရာတွင် https://bit.ly/3QDVuaI ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ – AGD Bank

#AGDBankGivesBack #CommunityFirst #TheBankThatGrowsWithYou #growcsr #EmpoweringLives #EmbracingGreen #WorldEnvironmentDay #Sustainability


LEAVE A REPLY

Please enter your comment!
Please enter your name here