ယနေ့ ရိုးရာသွေးအေးကျား သွေးသစ်ဝင်းလှိုင် နှင့် မွေထိုင်းဖိုက်တာခွန်ဆွတ်တို့ ထိပ်တိုက်တွေ့ဆုံမည်

0
350

ယနေ့ ဇွန်(၇)ရက်နေ့ ထိုင်းစံတော်ချိန် ည(၇)နာရီခွဲအချိန်၌ ရိုးရာသွေးအေးကျား သွေးသစ်ဝင်းလှိုင်နှင့် မွေထိုင်းဖိုက်တာ ခွန်ဆွတ်တို့ သုံးမိနစ်ထိုး နှစ်မိနစ်နား သုံးချီစနစ်ဖြင့် ထိပ်တိုက်တွေ့ဆုံ ထိုးသ-တ်သွားကြမည်ဖြစ်သည်။

၎င်း ဖိုက်တာနှစ်ဦးမှာ ONE ကပြုလုပ်သည့် Friday Fights 66 ပွဲစဉ်၏ တွဲဆိုင်း(၁၂)ဆိုင်းအနက် တွဲဆိုင်း (၅)ဆိုင်းမြောက်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်ပြီး၊ အလဲထိုးအနိုင်ရရှိသူအား ချက်ထရီက ချီးမြှင့်သည့် ဆုငွေကိုလည်း ရရှိမည်ဖြစ်သည်။

သွေးသစ်ဝင်းလှိုင်နှင့် ထိုးသ-တ်မည့် ခွန်ဆွတ်(ခေါ်)ချာနာချိုင်းဆိုသူမှာ ONE Champoinship တွင် နာမည် ကြီးနေသော ထိုင်းနိုင်ငံထိပ်တန်း မွေထိုင်းကလပ်တစ်ခုဖြစ်သည့် Superbone က လေ့ကျင့်မွေးထုတ်ထားသည့် ဖိုက်တာတစ်ဉီးဖြစ်ကာ ၂၀၁၉ ခုနှစ် Rajadamnern Champoinship ၏ ချန်ပီယံတစ်ဦးလည်းဖြစ်သည်။

ခွန်ဆွတ်သည် ခြေကန်ချက်နှင့် ဒူးတိုက်ချက်ပြင်းသူတစ်ဉီးဖြစ်သည့်အပြင် မာဂုဏ်မြင့် ကစားသမား တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

“သွေးသစ်ဝင်းလှိုင်အတွက် လုံးဝပြိုင်ဘက်ကောင်းပါဘဲ။ ခွန်ဆွတ်ရဲ့ ခြေကန်ချက်နဲ့ ဒူးတိုက် ချက်တွေ ကိုသတိထားရလိမ့်မယ်။ ခွန်ဆွတ်ရဲ့ အနေအထားက အရင်လို ဝိတ်မျိုးမဟုတ်တော့ဘူး။ အရပ်အမောင်းကလည်း ကောင်းတော့ သူ့အတွက်အဆင်ပြေနိုင်မယ့် ဝိတ်တန်းအထိတင်ထားမှာ သေချာပါတယ်။ ခြေကန်ချက်ကောင်းတဲ့ဖိုက်တာနဲ့ လက်သီးထိုးကောင်းတဲ့ ဖိုက်တာတွေ့ပြီပေါ့ဗျာ” ဟု လက်ဝှေ့ဝါသနာရှင်တစ်ဦးက ပြောသည်။

ခွန်ဆွတ်ဘက်က “သွေးသစ်ကို အလဲထိုးပြီး ဘောနပ်စ်ယူမယ်” ဟုလည်း ၎င်းဘက်က ကြုံးဝါးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here