လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၆၀ ကျော်ရရှိ

0
297

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလ (၁) ရက်မှ မေလ (၂၄) ရက်အထိ ပြည်ပသို့ လယ်ယာ ထွက်ကုန်ပစ္စည်းတင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၈၆၂ ဒသမ ၂၇၉ သန်း ကျော် ရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချမှုအနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၈၆၂ ဒသမ ၂၇၉ သန်းရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို အဓိကစိုက်ပျိုးကာ တစ်နိုင်ငံလုံး၏ စိုက်ပျိုး ထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယ အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး၏ လယ်ယာထွက်ကုန်ပစ္စည်း ထွက်ရှိမှုအနက် ပဲမျိုးစုံထွက်ရှိမှုမှာ ၃၃ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် ပဲမျိုးစုံစိုက်ပျိုးနေပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်း၊မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်းများအပြင် သစ်တောထွက် ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန် စုစုပေါင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၉ ဘီယံယံကျော်ရရှိကြောင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP တို့ကို ပြန်လည် တင်သွင်းကြောင်း သိရသည်။

ယခုအခါတွင်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement- BTA) ဖြင့် ဆောင်ရွက်သွားမည့်လုပ်ထုံးလုပ်နည်းများကို ဝန်ကြီးဌာနကထုတ်ပြန်ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here