ရုရှားနျူကလီးယားရေငုပ်သင်္ဘော Kazan ပါဝင်သည့် ရေတပ်သင်္ဘောအုပ်စု လာမည့်သီတင်းပတ်တွင် ကျူးဘားသို့ ရောက်မည်

0
433

ရုရှားနျူကလီးယားရေငုပ်သင်္ဘော Kazan ပါဝင်သည့် ရုရှားရေတပ်သင်္ဘောအုပ်စုတစ်ဖွဲ့သည် ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းသို့ ဇွန် ၁၂ ရက်တွင် တရားဝင် အလည်အပတ် ရောက်ရှိမည်ဖြစ်ကြောင်း ကျူးဘားစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“၂၀၂၄ ခုနှစ် ဇွန် ၁၂ရက်မှ ၁၇ရက်အထိတွင် ရုရှားရေတပ်သင်္ဘောလေးစင်းသည် ဟာဗားနားဆိပ်ကမ်းသို့ တရားဝင်လာရောက်လည်ပတ်မည်ဖြစ်သည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါအဖွဲ့တွင် ဖရီးဂိတ်သင်္ဘော The Admiral Gorshkov၊ နျူကလီးယားရေငုပ်သင်္ဘော The Kazan၊ လောင်စာရည်တင်သင်္ဘော Akademik Pashin နှင့် ကယ်ဆယ်ရေးဆွဲသင်္ဘော The Nikolay Chiker တို့ ပါဝင်မည်ဖြစ်သည်။

“ဒီခရီးစဉ်ဟာ ကျူးဘားနဲ့ ရုရှားကြား သမိုင်းဝင် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်စေပြီး နိုင်ငံတကာ စည်းမျဉ်းတွေနဲ့လည်း တိတိကျကျ လိုက်လျောညီထွေဖြစ်ပါတယ်” ဟု ကျူးဘားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ “နျူကလီးယားလက်နက် သယ်ဆောင်လာတဲ့ သင်္ဘောတစ်စင်းမှ မပါတဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ ဆိုက်ကပ်တာက ဒေသတွင်းကို ခြိမ်းခြောက်မှု မဖြစ်စေပါဘူး။”ဟုလည်း ဝန်ကြီးဌာနကဆိုသည်။

“သူတို့ ရောက်ရှိနေတဲ့အတောအတွင်းမှာ ရုရှားသင်္ဘောသားတွေဟာ ကျူးဘားရေတပ်ရဲ့ တပ်မှူးနဲ့ ဟာဗားနားအုပ်ချုပ်ရေးမှူးတို့ကို သွားရောက်တွေ့ဆုံမှု အပါအဝင်တခြားအစီအစဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သူတို့ဟာ သမိုင်းဝင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဝင်စားဖွယ်နေရာတွေကိုလဲ သွားရောက်လည်ပတ်ကြမှာဖြစ်ပါတယ်” ဟု ကျူးဘားစစ်တပ်က ပြောကြားခဲ့သည်။

“ဟာဗားနားဆိပ်ကမ်းကိုရောက်တာနဲ့ သင်္ဘောတစ်စင်းထဲက အမြောက် ၂၁ ချက်ပစ်ဖေါက်ပြီး နှုတ်ခွန်းဆက်အလေးပြုသွားမှာပါ”ဟုလည်း ကျူးဘား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here