မစောတံတားအနီး ပစ်ခတ်မှုဖြစ်စဉ်ကြောင့် တံတားအား ယာယီဖြတ်သန်းခွင့် ပိတ်ခဲ့ရဟုဆို

0
146

မကြာမီက ပြုပြင် ပြီးစီးခဲ့သည့် ဘီးလင်းမြို့နယ် မစောတံတားအနီး ယမန်နေ့ ဇွန်(၆)ရက်နံနက် (၈)နာရီ ဝန်ကျင်းအချိန်က ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးအရ တံတားယာယီဖြတ်သန်းခွင့် ပိတ်ခဲ့ရပြီး၊ ညနေပိုင်းအချိန်တွင် ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။

“မနေ့က ပစ်ခတ်မှု နည်းနည်းဖြစ်ကြတယ်။ မစောတံတားအထက်နားက ခဲမောက်ဂွင်ပေါ့။ တစ်နေကုန်နီးပါးလောက် ပိတ်ထားရတယ်။ အခုတော့ပြန်ဖြတ်ခွင့်ပြုနေပါပြီ။ ဖြစ်တာက မစောတံတားနဲ့က မိုင်ဝက် နီးပါးလောက်ပဲ ဝေးတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် တံတားအား ပြန်လည်ဖြတ်သန်းခွင့်ပြုနေပြီး ယခင်ကဲ့သို့ ယာဉ်ပိတ်ဆို့ခြင်းများမရှိတော့ဘဲ  တစ်ဖက်လျှင်(၁၅)မိနစ်ခန့်သာ စောင်းဆိုင်းကြရကာ ယာဉ်စီးရေ လေးငါးဆယ်မျှသာတန်းစီစောင့်နေရကြောင်း သိရသည်။

“ မနေ့က လိုက်ရှင်းတာနဲ့ လမ်းပေါ်လုံခြုံရေးယူရတာနဲ့ ဆိုတော့ စိတ်ချရမှဖြတ်ခွင့် ပြန်ပြုတာပေါ့။ မစောတံတားက ပိတ်ထားရင် ကျုံအိတ်လည်း ပိတ်ရတဲ့ အခြေအနေပါပဲ” ဟု ဆိုသည်။

အဆိုပါ မစောတံတားမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် ခရီးသွားယာဉ်များ ရာနှင့်ချီ ပိတ်ဆို့ ခဲ့ရပြီး ပြီးခဲ့သည့် မေလ(၃၁)ရက်တွင် တံတားပြင်ဆင် ပြီးစီး၍ ပြန် လည်ဖြတ်သန်းခွင့် ပြုခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here