MNL U-20 League 2024 Week-1 ပွဲစဉ်အပြီး အမှတ်မရရှိသေးသည့် အသင်းနှစ်သင်း ယနေ့ ထိပ်တိုက်တွေ့ဆုံမည်

0
233

MNL U-20 League 2024 Week-2 ပွဲစဉ်အား ယနေ့ ဇွန် (၇)ရက် ညနေ(၃)နာရီခွဲအချိန်တွင် စတင်ကစားကြမည်ဖြစ်ရာ Week-1 ပွဲစဉ်အတွင်း အမှတ်မရရှိသေးသည့် မဟာယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲဦးထွက် ထိပ်တိုက်တွေ့ဆုံကစားသွားရမည်ဖြစ်သည်။

ယနေ့ Week-2 ပွဲဦးထွက်တွင် မဟာယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့က စလင်းကွင်းတွင်လည်းကောင်း၊ ရခိုင်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့က တောင်ဒဂုံကွင်းတွင်လည်းကောင်း၊ ဟံသာဝတီယူနိုက်တက်နှင့် ဒဂုံပေါ့ ယူနိုက်တက်အသင်းတို့က ပဒုမ္မာကွင်းတွင်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ယခု Week-2 ပွဲစဉ်များတွင် ယှဉ်ပြိုင်ရမည့် ဂျူနီယာလိုင်းယွန်း (မြန်မာ့လက်ရွေးစင်ယူ-၁၆ အသင်း)အနေဖြင့် အာဆီယံယူ-၁၆ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကြောင့် ၎င်းနှင့် တွေ့ဆုံမည့် ရတနာပုံအသင်းတို့၏ ပွဲစဉ်ကို ဇူလိုင်လ (၁၃) ရက်မှသာ သီးခြား ကျင်းပသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် Week-1 ပွဲစဉ်အပြီး အမှတ်ပေးဇယားရပ်တည်မှုအရ ဒဂုံစတား ယူနိုက်တက်၊ ISPE ၊ ရတနာပုံယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် ဂျူနီယာလိုင်းယွန်း (မြန်မာ့လက်ရွေးစင်ယူ-၁၆ အသင်း)တို့က (၃)မှတ်စီ ရရှိထားကာ၊ ရခိုင်ယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့က (၁)မှတ်စီ အသီးသီး ရရှိထားသည်။

ကျန်အခြားသော အသင်းများမှာ အမှတ်တစ်မှတ်မှ မရရှိသေးဘဲ ယခု Week -2 ပွဲစဉ်အတွင်း အမှတ်ဇယားရပ်တည်မှု မည်မျှထိ ခြေစွမ်းတက်လာမည်ကို စောင့်ကြည့်ရမည် အခြေအနေဖြစ်သည်။

MNL U-20 Youth League 2024 ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး၍ ပြိုင်ပွဲဝင် (၁၃)သင်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။

အဆိုပါ U-20 ပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက်၊ ဒဂုံပေါ့၊ ဒဂုံစတားယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ISPE၊ ဂျူနီယာလိုင်းယွန်း၊ မဟာယူနိုက်တက်၊ မြဝတီ၊ ရခိုင်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်၊ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့ ပါဝင်ယှဉ်ပြိုင်နေကြခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here