အမရပူရမြို့နယ်၊ ရတနာ့ဂူမှ ခိုးယူခံရသည့် ပုံတော်များကို ခိုးယူသူမှ ပြန်လည်ပို့ဆောင်ခဲ့ရာ နန်းထဲသို့ အခမ်းအနားနှင့် ပြန်ပင့်ရန် စီစဉ်နေ

0
162

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ လက်ဝဲမြင်းတိုင်ရပ်၊ရတနာ့ဂူ၊အလယ်နန်းရင်းက ပုပ္ပါးမယ်တော်နှင့် သခင်မသားနတ်ရုပ်များ မေ(၂၃) ရက် ညပိုင်းက ခိုးယူခံရခြင်းဖြစ်ပြီး (၁၅) ရက်အကြာ ယနေ့ ဇွန်(၇)ရက် နံနက် (၃) နာရီအချိန်တွင် နန်းထိမ်းအိမ်ရှေ့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မယ်တော်ကြီးများ ပြန်လည်ကြွရောက်လာခြင်းအား ရတနာ့ဂူ အလယ်နန်းမိသားစုနှင့်အတူ အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ရပါသည်။ ယနေ့ နံနက် (၃) နာရီမှာ မယ်တော်ကြီးများ ပုံတော်အား ခိုးယူသွားသူမှ နန်းထိမ်းအိမ်ရှေ့သို့ ပြန်လည်ပို့ဆောင်သွားကြောင်း သိရပါတယ်။”ဟု နန်းထိမ်းအိမ်နှင့် နီးစပ်သူ တစ်ဦးက ပြောဆိုထားသည်။

အဆိုပါ ခိုးယူခံခဲ့ရသည့် ပုပ္ပါးမယ်တော် အရွယ်အစားမှာ (၂) ပေနှင့် သခင်မသားနတ်ရုပ်ပုံတော် အရွယ်အစားမှာ (၁) ပေခွဲရှိပြီး လက်ရှိ မယ်တော်နှစ်ပါးပုံတော်ကို ရွှေပုံသွင်းထားပြီး နယုန်လဆန်း (၁၂) ရက်တွင် နန်းထဲသို့ အခမ်းအနားနှင့် ပြန်ပင့်ရန် စီစဉ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here