အစ္စရေးဝန်ကြီးချုပ် အမေရိကန်ကွန်ဂရက် လွှတ်တော်၌ မိန့်ခွန်းပြောမည်

0
272

ဝါရှင်တန်၊ဇွန် ၇

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည် ဝါရှင်တန်သို့လာရောက်လည်ပတ်စဉ် ဇူလိုင်လ ၂၄ ရက်နေ့၌ကျင်းပမည့် အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ ပူးတွဲကျင်းပသည့် ကွန်ဂရက်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းသိရသည်။

မစ္စတာနေတန်ယာဟုကမူ ၎င်းအနေဖြင့် ယခုကဲ့သို့ လွှတ်တော်နှစ်ရပ်လုံးအစည်းအဝေး၌ အစ္စရေးကိုကိုယ်စားပြုပြီး ရပ်တည်ပြောကြားခွင့်ရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်းနှင့် ဂါဇာအရေးနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်များကို ချပြသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်နေတန်ယာဟု၏ခရီးစဉ်သည် အစ္စရေး၏လုပ်ရပ်များကို အစဉ်တစိုက်ထောက်ခံအားပေးခဲ့သည့် အမေရိကန်သမ္မတဘိုင်ဒင်နှင့် နေတန်ယာဟုတို့အကြား တင်းမာမှုမြင့်တက်နေစဉ် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နေတန်ယာဟု၏ခရီးစဉ်အတွင်း အမေရိကန်သမ္မတနှင့်တွေ့ဆုံခြင်းရှိမရှိကိုမူ မသိရသေးပေ။

အစ္စရေး – ဟားမတ်စ်အရေးသည် ယမန်နှစ်အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏တိုက်ခိုက်မှုအပြီး ၌ အစ္စရေးဘက်မှလူပေါင်း ၁,၂၀၀ ခန့်‌ေ-သဆုံးကာ နောက်ထပ် ၂၅၀ ခန့်ကို ‌ေ-သနတ်သမားများက ဓ-ါးစာခံအဖြစ်ခေါ်ဆောင်သွားခဲ့ရာမှစတင်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုဖြစ်စဉ်အတွက် အစ္စရေး၏ လက်တုန့်ပြန်ထိုးစစ်ကြောင့် ပါလက်စတိုင်း ၃၆,၀၀၀ ကျော် ‌ေ-သဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူများကပြောကြားခဲ့သည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here