အာဆီယံ ကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဆုတံဆိပ် (၇) ခုရ

0
140

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့သည် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် စုစုပေါင်း ဆုတံဆိပ် (၇) ခုရရှိထားသည်။

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ဇွန် (၁) ရက်‌မှ (၉) ရက်‌အထိ ကျင်းပလျက်ရှိသည့် အဆိုပါ ပြိုင်ပွဲ၌ မြန်မာ ဗိုဗီနမ် အားကစားအဖွဲ့က ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခု ဆွတ်ခူးရရှိထားခြင်းဖြစ်သည်။

ထိုပြိုင်ပွဲ၌ (အမျိုးသမီး) တစ်ကိုယ်တော် လက်သိုင်းအပြပြိုင်ပွဲတွင် မယွန်းလဝန်းအိမ်ရွှေက ရွှေတစ်ခု၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးလက်နက်ဖြင့် အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည့်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည့်စုံအောင်တို့အတွဲက ရွှေတစ်ခု၊ အမျိုးသား မြန်မာဗိုဗီနမ် အားကစားအဖွဲ့ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခုဆွတ်ခူးရရှိ 54.0-60.0kg အတိုက်ပြိုင်ပွဲတွင် မောင်ဝေယံကျော်က ငွေတစ်ခု၊ အမျိုးသမီး 45.0 – 50.9 kg ပြိုင်ပွဲတွင် မယွန်းပန်းသဇင်အောင်၊ အမျိုးသား တစ်ကိုယ်တော်လက်သိုင်း အပြပြိုင်ပွဲတွင် မောင်နိုင်အောင်ရွှေ၊ အမျိုးသမီးနှစ်ယောက်တွဲ ဓ-ားအတိုက်အပြ ပြိုင်ပွဲတွင် မဇင်လဲ့ဖြူနှင့် ကြယ်စင်လွင်တို့အတွဲ၊ အမျိုးသားလေးယောက်တွဲလက်နက်မဲ့အပြပြိုင်ပွဲတွင် မင်းခန့်နိုင်၊ နိုင်အောင်ရွှေ၊ ပြည့်စုံအောင်နှင့် ကျော်ဇောရှင်တို့အတွဲက ကြေးတစ်ခုစီရရှိခဲ့ပြီး စုစုပေါင်းဆု တံဆိပ် (၇)ခု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here