အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအတွက် ဆွေးနွေးမှုများ ပြုလုပ်

0
159

(၆) ကြိမ်မြောက် အာဆီယံ အမြဲတမ်း ကိုယ်စားလှယ်များကော်မတီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်(၆) ရက်မှ (၈) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်၍ အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်မှုများအား ဇွန် (၅) ရက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့ ၌ ဇွန်(၅) ရက်တွင် ကျင်းပပြုလုပ်သည့် (၆)ကြိမ်မြောက် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် အာဆီယံဆိုင်ရာ လာအိုအမြဲတမ်းကိုယ်စားလှယ် H.E. Bovonethat OUANGCHAK က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အာဆီယံအမြဲတမ်းကိုယ်စား လှယ်များ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံအဖွဲ့ရုံးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အာဆီယံဆိုင်ရာ တီမောလက်စ်တေမှ အမြဲတမ်းကိုယ်စားလှယ်လည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးအပါအဝင် အာဆီယံ၏ လတ်တလော ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အာဆီယံပြင်ပ မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန် (၆) ရက်မှ (၈) ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ကြိုတင် ပြင်ဆင်မှုများနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here