ပုဂ္ဂလိက ကျောင်းများ၏ ငွေကြေးကောက်ခံမှုစနစ်နှင့်ပတ်သက်၍ နစကဥက္ကဌပြော

0
249

ပုဂ္ဂလိကကျောင်းများ၏ သင်ကြားရေးနှင့်ပတ်သက်၍ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကာ ငွေကြေးကောက်ခံမှုစနစ်တကျရှိရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့ ဇွန်လ(၇)ရက်က ပြုလုပ်ခဲ့သည့် နစက အစည်းအဝေး (၃/၂၀၂၄)တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မဖွင့်လှစ်နိုင်သေးသည့် အစိုးရကျောင်းများလည်း ပြန်လည်ဖွင့်လှစ်ရန် လိုအပ်နေကာ ဖွင့်လှစ်ပြီးကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန် လိုအပ်ကြောင်းလည်း နစက ဥက္ကဋ္ဌကဆိုသည်။

အလားတူ ကျောင်းနေအရွယ် က-လေ-းအားလုံး ပညာသင်ကြားနိုင်ရေး၊ KG+9 အထိ မသင်မနေရသင်ကြားနိုင်ရေးတို့အတွက် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး KG+12 အထိကျောင်းသုံးစာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးထားကြောင်းလည်း နစကဥက္ကဋ္ဌက ပြောသည်။

ဇွန်လ (၆) ရက်အထိ စာရင်းအရ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၇) သန်းနီးပါး ကျောင်းတက်ရောက်နေသော်လည်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ အချို့မြို့နယ်များတွင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here