ဇွန် (၁၁) ရက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကြေညာမည်

0
208

၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလနှင့် မေလများတွင် အထူးအစီအစဉ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို (၁၁)ရက်၊ အင်္ဂါနေ့ နံနက် (၆) နာရီအချိန်၌ ကြေညာပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထား ပေးသွားမည် ဖြစ်သည်။

ထို့ပြင် အောင်စာရင်းထုတ်ပြန်မည့် (၁၁)ရက်၊ နံနက် (၄) နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅ ၃၅၀၉) နှင့် (၀၁- ၆၅၃၄၆၇)တို့ထံသို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့်(၁၁) ရက်၊ အင်္ဂါနေ့တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းလည်း အသိပေးထားသည်။

ပုံစာ – ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ကြည့်ရှုနေသည့်ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here