ဖျာပုံ-ဒေးဒရဲ ကားလမ်းတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲ ထိုးကျတိမ်းမှေ-ာက်ကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး အသက်ဆုံးရှုံး

0
132

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ-ဒေးဒရဲ ကားလမ်း၊ မိုင်တိုင်အမှတ်(၉/ဝ)တွင် TOYOTA Axio ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲ ထိုးကျတိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား (၁) ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာအနီး ဖျာပုံ-ဒေးဒရဲ ကားလမ်း၊ မိုင်တိုင်အမှတ်(၉/ဝ)တွင် ဇွန် (၇)ရက်၊ ည(၁၁)နာရီခွဲ အချိန်ခန့်က TOYOTA Axio ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှေ-ာက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှေ-ာက်မှု သတင်းအရ ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှေ-ာက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦးအနက် အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကျန် (၄)ဦးမှာ မစိုးရိမ်ရထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် လူသားချင်း လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ဒေးဒရဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here