ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်တံဆိပ် Logoပြိုင်ပွဲတွင်​ရွေးခံရသူအားဆုကြေးငွေကျပ် (၂၅)သိန်းချီးမြင့်မည်

0
402

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ထောင်စု နယ်မြေ နေပြည်တော်၌ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကိုယ်စားပြု သတ်မှတ်အသုံးပြုမည့် အထိမ်းအမှတ်တံဆိပ် (Logo) ပြိုင်ပွဲကို ဇွန် (၁၃) ရက်မှ ဇူလိုင် (၁၂) ရက်အတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အထိမ်းအမှတ် တံဆိပ်တွင် ပါဝင်ရမည့် အချက်များမှာနေပြည်တော်တွင် ကျင်းပမည်ဆိုသည့် အဓိပ္ပာယ်၊ ကျင်းပသည့် အကြိမ်အရေ အတွက်နှင့် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ကိုယ်စားပြုသော အဓိပ္ပာယ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်အထိမ်းအမှတ် ပြာ၊ ဝါ၊ နက်၊ စိမ်း၊ နီ အရောင်ပါကွင်း ငါးကွင်း၊ အားကစားသမားအချင်းချင်း၊ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများအကြား ချစ်ကြည် ရင်းနှီးမှုသဘောဆောင်သည့် ရေးဆွဲချက်၊ မိမိနိုင်ငံရှိထင်ရှားသော အထိမ်းအမှတ် အဆောက်အအုံများကိုဖော်ညွှန်းသည့် အဓိပ္ပာယ်ပါသော ရေးဆွဲချက်၊ မိမိရေးဆွဲယှဉ်ပြိုင်သည့် ပန်းချီသို့မဟုတ် Graphic Design တွင် ရေး ဆွဲထားသော အကြောင်းအရာနှင့် အသုံးပြုထားသော အရောင်တို့၏ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်များ ပါရှိရမည်ဖြစ်သည်။

၎င်းပြိုင်ပွဲသို့ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ယခင်က ကျင်းပခဲ့သည့် အမျိုးသားအားကစားပွဲတော်တွင် အသုံး ပြုခဲ့သည့် Logo အစား ယခုပြိုင်ပွဲတွင် ရွေးချယ်ခြင်းခံရသည့် Logo ကို ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အသုံးပြု သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ရွေးချယ်ခြင်းခံရပါက ဆုကြေးငွေအဖြစ် ငွေကျပ် (၂၅)သိန်းကို ချီးမြှင့်ပေး သွားမည်ဖြစ်ကာ ရွေးချယ်ခြင်းခံရသူကို နေ့စဉ် ထုတ်သတ င်းစာများတွင်ကြော်ငြာ၍ ဆုချီးမြှင့်ပွဲကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော Logo ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ မူပိုင်အဖြစ် သတ်မှတ်သွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here