ဆစ်ဒ်နီ၌ ရေကြီးရေလျှံသဖြင့် အရေးပေါ်ရွှေ့ပြောင်းကယ်ဆယ်နေရ

0
361

ဆစ်ဒ်နီ၊ဇွန် ၈

ဩစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံသဖြင့် အနိမ့်ပိုင်းဒေသရှိ ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရန် နှင့် ဘေးလွတ်ရာရွှေ့ပြောင်းပေးရန်ညွှန်ကြားထားကြောင်းသိရသည်။

ရုတ်တရက်ဖြစ်လာသည့်အခြေအနေများကြောင့် ရေတက်လာချိန်၌ အရေးပေါ်ကယ်ဆယ်မှု ၁၃ ကြိမ်နှင့် ဘေးလွတ်ရာရွှေ့ပြောင်းပေးရန် ဆက်သွယ်လာမှု ၂၉၇ ကြိမ်အထိရှိလာကြောင်း အရေးပေါ်အခြေအနေအတွက် တာဝန်ရှိသူများကပြောကြားခဲ့သည်။

မြို့အနောက်မြောက်ပိုင်းရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် အရေးပေါ် ရွှေ့ပြောင်းရန် အမိန့်ဆယ်ခုကို နူးဆော့က်သ်ဝေးလ်စ်ပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက စနေနေ့နံနက်ပိုင်းတွင်ထုတ်ပြန်ခဲ့ရသည်ဟုလည်းသိရသည်။

စနေနေ့နှောင်းပိုင်း၌ လူပေါင်း ၅ သန်းခန့် နေထိုင်သည့် ဆစ်ဒ်နီမြို့ အနောက်မြောက်ဘက်တွင် ကြီးမားသော ရေကြီးရေလျှံမှုများလည်း ဖြစ်ပွားနိုင်ကြောင်း နိုင်ငံ၏ မိုးလေဝသခန့်မှန်းချက်ကသတိပေးထားသည်။

ရေကြီးခြင်းသည် ဩစတြေးလျ၌ အပူလှိုင်းအန္တရာယ်ပြီးနောက် ဒုတိယမြောက်‌ေ-သဆုံးမှုအများဆုံး သဘာဝဘေးအန္တရာယ် အမျိုးအစားဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း သဘာဝဘေးကြောင့် ‌ေ-သဆုံးမှုများအနက် ရေဘေးကြောင့်‌ေ-သဆုံးသူ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်းလည်း ရာသီဥတုဝန်ဆောင်မှုဌာနကပြောကြားခဲ့သည်။

Source : ရိုက်တာ/ဂျီအာ


LEAVE A REPLY

Please enter your comment!
Please enter your name here