မြောက်ကိုရီးယားနှင့် ကမ္ဘာဖလားခြေစစ်ပွဲကန်ရန် မြန်မာ့လက်ရွေးစင်အသင်း လာအိုသို့ ယနေ့ထွက်ခွာ

0
148

၂၀၂၆ ကမ္ဘာဖလားခြေစစ်ပွဲအတွက် မြောက်ကိုရီးယားအသင်းနှင့် ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့ ဇွန် (၈) ရက် နံနက်ပိုင်းအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် လာအိုနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယား အသင်းနှင့် ကစားမည့် ပွဲစဉ်အတွက် မြန်မာအသင်း နောက်တန်းခံစစ် ကစားသမား အချိန်းအပြောင်းပြုလုပ်ခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်း နောက်ခံကစားသမား သီဟထက်အောင်ကို ရွေးချယ်ခေါ်ယူသွားကြောင်း သိရသည်။

လက်ရွေးစင်အသင်းတွင်ကစားနေသည့် ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ ဟိန်းဇေယျာလင်းမှာ လေ့ကျင့်ရေးအတွင်း ဒဏ်ရာရရှိခဲ့သဖြင့် လူစားထိုးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဟိန်းဇေယျာလင်းက လေ့ကျင့်ရေးကွင်းမှာ ဘောလုံးဖျက်ထုတ်ဖို့ ဆလိုက်ထိုးရင်း ထိသွားတာပါ။ ဘယ်ဘက်ခြေကျင်းဝတ်ပဲ ပြောရမှာပေါ့။ အဲဒီနားက အရိုးထိသွားတဲ့ ပုံစံပါ” ဟု မြန်မာ့လက်ရွေးစင်အသင်း တာဝန်ခံ ဆရာဝန်တစ်ဦးက ပြောကြားထားသည်။

လက်ရှိတွင် မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ဆီးရီးယားအသင်းနှင့် ဂျပန်အသင်းတို့ကို ဂိုးပြတ်များဖြင့် ရှုံးနိမ့်ထားသည်။

ပုံစာ – ကမ္ဘာ့ဖလားခြေစစ်ပွဲ ဂျပန်-မြန်မာ ပွဲစဉ်ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here