(၂)ရက်အတွင်းကျပ်သိန်း (၂၁၀၀)ကျော် တန်ဖိုးရှိ တရားမဝင် ပစ္စည်းမျိုးစုံ ဖမ်းဆီးမိ

0
333

နိုင်ငံတဝန်း ၂၀၂၄ ခုနှစ် ဇွန် (၅) ရက်နှင့် (၆)ရက် (၂)ရက်အတွင်း နိုင်ငံတစ်ဝန်း၌ ကျပ်သိန်း (၂၁၀၀)ကျော် တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီထံမှ သိရသည်။

စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်သယ်ဆောင်ခွင့်အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Grand Royal Whisky (၈၉)ဖာ၊ တရုတ်နိုင်ငံထုတ် အိမ်ရိုက်သံ (၉၉)ဖာနှင့် ကြက်သွန်ဖြူပိဿာ (၁၅၀၀) အပါအဝင် ကုန်ပစ္စည်း (၂၂)မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၃၄၈,၀၀၀ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ဇွန် (၆) ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Vaccum Flask ရေနွေးဓါတ်ဘူး (၅၉၄၉ ဒသမ ၆) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၃)မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၄၄၇,၅၃၇၊ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ ပို့ကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါ ရှိလာသည့် ကွမ်းသီးစိတ် ကီလိုဂရမ် (၂၅၅၀၀) ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၆,၃၉၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃,၈၃၇,၅၃၇ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့် အညီအရေးယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန် (၆) ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၂၂၇)တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၃,၉၁၄ကို သစ်တောဥပဒေဖြင့်လည်းကောင်း၊ မင်းလှမြို့နယ်၊ အင်ကြင်းကုန်းအုပ်စု၊ အညာတန်းကြီးကျေးရွာအနီး၌ လိုင်စင်မဲ့ Faw မော်တော်ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေ ကျပ် ၈,၀၀၀,၀၀၀ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၈၄၃,၉၁၄ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန် (၆) ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးခဲ့ရာ လယ်ဝေး မြို့နယ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀နှင့် ပျဉ်းမနားမြို့နယ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၀၀,၀ ၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဇွန် (၆) ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ မော်လမြိုင်မြို့၊ အတ္ထရံတံတားမြောက်ဘက်၊ ညောင်ပင်ဆိပ်ရပ်ကွက်၌ မော်တော်ယာဉ်(၁) စီးပေါ်မှ တရားမဝင် အခြားသစ် (၀ ဒသမ ၉၆၇)တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃,၈၈၂နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Mazda Titan မော်တော် ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၀၀,၀၀၀၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၆၈၃,၈၈၂ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here