မုံရွာမြို့နယ်ရှိ အခြေခံပညာကျောင်း (၉၁) ကျောင်းတွင် ကျောင်းသား (၁၇၀၀၀)ကျော် ပညာသင်ကြား လျက်ရှိ

0
379

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် မုံရွာမြို့နယ်ရှိ အခြေခံပညာကျောင်း( ၉၁ ) ကျောင်း ဖွင့်လှစ်လျက်ရှိပြီး အဆိုပါ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၂၈၉) ဦးပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၌ ပြန်လည်ဖွင့်လှစ်ကြသည့် အထက်တန်းကျောင်း (၁၃) ကျောင်း၊အထက်တန်းကျောင်းခွဲ (၉) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၀) ကျောင်း၊ မူလတန်း (လွန်)ကျောင်း (၁၃) ကျောင်း၊မူလတန်းကျောင်း (၄၄) ကျောင်းရှိပြီး စုစုပေါင်းကျောင်း (၉၁) ကျောင်းရှိကြောင်း သိရသ ည်။

မေ ၂၃ ရက်နေ့မှ ဇွန် ၆ ရက်ထိ ကျောင်းအပ်နှံပြီးသူ KG တန်းမှ Grade – 12 အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၂၈၉ )ဦးရှိပြီး စတင်ပညာသင်ကြားနေကြကာ ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ပြုလုပ်သည့်နစက၏(၃/၂၀၂၄) အစည်းအဝေးတွင် နစကဥက္ကဋ္ဌက “ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့ရှိ အချို့သောကျောင်းများအနေဖြင့်ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ ဇွန်၆အထိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူ ၇ သန်းနီးပါး ကျောင်းတက်ရောက်သည်ဟု တင်ပြချက်များအရသိရှိရ
ကြောင်း၊ မိမိတို့ နိုင်ငံလူဦးရေ အသက်ပိုင်းခြားအရ ကျောင်းတက်ရောက်ရန်လိုအပ်မှုများ ရှိနေသေးကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် ပညာရေးဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်သွားခဲ့ပြီး ပညာရေးဝန်ထမ်းများ ပြည့်မီစွာခန့်အပ်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” တို့ကို ပြောကြားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here