ဩစတြေးလျတွင် ၂ နှစ်အရွယ်က-လေ-း၌ ကြက်ငှက်တုပ်ကွေးပိုးတွေ့ရှိ

0
156

ဂျီနီဗာ၊ဇွန် ၈

ဩစတြေးလျနိုင်ငံမှ အသက်နှစ်နှစ်ခွဲအရွယ် က-လေ-းငယ်တစ်ဦးသည် အိန္ဒိယနိုင်ငံသို့သွားရောက်ပြီးနောက် H5N1 ၎င်း၌ ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ့ရှိခဲ့ရသဖြင့်သြစတြေးလျဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူရန်လိုအပ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန်လ (၇) ရက်နေ့တွင်ပြောကြားခဲ့သည်။

“ဒါဟာ ဩစတြေးလျမှာပထမဆုံးတွေ့ရှိရတဲ့ လူသားများထံ ကြက်ငှက်တုပ်ကွေးကူးစက်မှုဖြစ်ပါတယ်” ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ယခုက-လေ-းငယ်သည် မည်သည့်ကူးစက်မှုမှ ကြက်ငှက်တုပ်ကွေးဖြစ်လာသည်ကို မသိရသေးသော်လည်း အိန္ဒိယနိုင်ငံမှပြန်လာခဲ့ပြီးနောက် လက္ခဏာများပြလာခြင်းဖြစ်ကြောင်းလည်းဖော်ပြထားသည်။

သို့သော်ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်ဆေးအကဲဖြတ်မှုအရ လူသားများထံကူးစက်နိုင်ချေမှာ နည်းနေဆဲဖြစ်ကြောင်း ပြောသည်။ရောဂါကူးစက်ခံရသူက-လေ-းငယ်သည် မတ်လ ၁ ရက်နေ့၌ ဩစတြေးလျသို့ပြန်ရောက်လာပြီး နောက်တစ်ရက်တွင် ဆေးရုံတင်ခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

ယင်းနောက် ရောဂါမသက်သာဘဲ ပိုဆိုးလာသဖြင့် အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ကုသစေပြီး နှစ်ပတ်ခွဲအကြာတွင် ဆေးရုံမှပြန်ဆင်းလာနိုင်ခဲ့သည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/ဂျီအာ


LEAVE A REPLY

Please enter your comment!
Please enter your name here