နိုင်ငံတကာက ပိတ်ဆို့ လည်း ရုရှားစီးပွားရေး ဖွံ့ဖြိုးဆဲ–ပူတင်

0
201

စိန့်ပီတာစဘတ်၊ဇွန် ၈

ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှား၏စီးပွားရေးသည် နိုင်ငံတကာကပိတ်ဆို့ဒဏ်ခတ်နေသော်လည်း ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်ပြီး အထူးသဖြင့် အာဖရိက၊အရှေ့အလယ်ပိုင်းနှင့် အာရှတို့မှနိုင်ငံများဖြင့် စီးပွားရေးကူးလူးဆက်ဆံမှုကိုချဲ့ထွင်နိုင်ခဲ့သည်ဟုဆိုသည်။

ဘိုလီးဗီးယားနှင့် ဇင်ဘာဘွေခေါင်းဆောင်များအပါအဝင် စီးပွားရေးခေါင်းဆောင်များနှင့် စိန့်ပီတာစဘတ်ရှိ နိုင်ငံတကာစီးပွားရေးဖိုရမ်၌ သမ္မတပူတင်က ယူကရိန်းသို့ တပ်များစေလွှတ်မှုအတွက် ပိတ်ဆို့အရေးယူမှုများခံနေရသော်လည်း ရုရှားသည် ကမ္ဘာ့ကုန်သွယ်ရေးတွင် အဓိကပါဝင်သူများထဲမှတစ်ခုအဖြစ်ကျန်ရှိနေသေးသည်ဟုလည်းပြောကြားခဲ့သည်။

အဆိုပါဖိုရမ်၌ ရုရှားသမ္မတပူတင်က အနောက်အုပ်စုအနေဖြင့် ယူကရိန်းသို့ တာဝေးပစ်ဒုံးများပံ့ပိုးပေးခဲ့ခြင်းကို ဝေဖန်ရှုံ့ချခဲ့ပြီး ယင်းသို့ဆက်လုပ်နေပါက ၎င်းအနေဖြင့်လည်း အနောက်အုပ်စုကို တိုက်ခိုက်လိုသည့်နိုင်ငံများထံ လက်နက်ပေးပို့ကူညီ‌သွားရလိမ့်မည်ဟု သတိပေးစကားဆိုခဲ့သည်။

၎င်း၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်သည်ဟုထင်မြင်လာရပါက မော်စကိုသည် နျူကလီးယားလက်နက်ကို ထုတ်သုံးရန် အသင့်ရှိကြောင်းလည်း သမ္မတပူတင်ကထပ်မံအတည်ပြုပြောကြားခဲ့သေးသည်။

Source : အေပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here