ဒေသတည်ငြိမ်အေးချမ်းမှသာ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ တိုးတက်လာမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ပြောကြား

0
102

အစစအရာရာ တိုးတက်လာရန် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်ကပြောကြားသည်။

“စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေရဲ့လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိဖို့တာဝန်ရှိသူများအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်။ ဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူတွေ ပညာရေး၊ကျန်းမာရေး၊ လူမှုစီးပွားဘဝမြင့်မား တိုးတက်လာမှာ ဖြစ်ပါတယ်။ စားရေ ရိက္ခာပေါများရေးအတွက် ဝယ်လိုအားထက်ရောင်းလိုအားများဖိူ့အတွက် ကုန်ပစ္စည်းပေါပေါ များများနဲ့ ဈေးနှုန်းသက်သာပြီး အရေအသွေးမြင့်မားမှုရှိတဲ့ ထုတ်ကုန်တွေထုတ်လုပ်ဖို့ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ MSMEs လုပ်ငန်းတွေ အဆင်ပြေပြေချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ဖို့ စီမံအုပ်ချုပ်ရေးအဖွဲ့များနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ပံ့ပိုးဖြည့်ဆည်းပေးသွားကြဖို့ လိုအပ်ပါတယ်”ဟု ဝန်ကြီးချုပ်ဦးမြတ်ကျော်ကပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်ရေး လုပ်ငန်းညှိ နှိုင်းအစည်းအဝေး (၄/၂၀၂၄)ကို ဇွန်လ (၇) ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်ကပြောကြားခြင်းဖြစ်သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ပြီး
တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Confere ncing စနစ်ဖြင့် တက်ရောက်ကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းက (၃/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဌာနဆိုင်ရာများမှ ဆောင်ရွက်ပြီးမှုအခြေအနေအား ရှင်းလင်းဆွေးနွေးပြီး ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို တင်ပြဆွေးနွေးကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here