အမျိုးသမီးလိဂ်တွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားလေးဦးထွက်ပေါ်

0
524

Myanmar Women League 2024 ပြိုင်ပွဲ ပွဲစဉ်တလျှောက် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သည့် ကစားသမား(၄) ဦးစာရင်းကို မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထားသည်။

ယမန်နေ့ ဇွန်(၇) ရက် Week – 6 အပြီး အသိပေးကြေညာခြင်းဖြစ်ပြီး မြဝတီအသင်းမှ ဖြူဖြူဝင်း အပါအဝင် ဧရာဝတီအသင်းမှ စန်းသော်သော်၊ မြဝတီအသင်းမှ ရူပါခိုင်နှင့် ရန်ကုန်ယူနိုက်တက်အသင်းမှ ယွန်းဝတီလှိုင်တို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။

မြဝတီယူနိုက်တက်အသင်းမှ ဖြူဖြူဝင်း၊ ဧရာဝတီယူနိုက်တက်အသင်းမှ စန်းသော်သော်၊ မြဝတီယူနိုက်တက်အသင်းမှ ရူပါခိုင်တို့ (၃)ဦးမှာ (၅)ဂိုးစီသွင်းယူထားနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းမှ ယွန်းဝတီလှိုင်သည် (၄)ဂိုးသွင်းယူ ထားနိုင်ခြင်းဖြစ်သည်။

ထို့ပြင် Week – 6 အပြီး အမှတ်ပေးဇယားရပ်တည်မှု ရလဒ်များလည်း တပြိုင်တည်းထွက်ပေါ်ခဲ့ကာ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် (၁၂) မှတ်ဖြင့် ဦးဆောင်ထားပြီး ဒုတိယနေရာတွင် ISPE အသင်းက ရမှတ် (၁၁) မှတ်ဖြင့် ရပ်တည်နေသည်။

အလားတူ အဆင့် (၃) နှင့် (၄ )နေရာများတွင် မြဝတီအသင်းနှင့် ဧရာဝတီအသင်းတို့က ရမှတ်(၁၀) မှတ်စီဖြင့် ရပ်တည်နေကြသည်။

ရပ်တည်မှုအဆင့် (၁) မှ အဆင့် (၄) အတွင်းရှိနေသည့် ရန်ကုန်ယူနိုက်တက်၊ ISPE  ၊ မြဝတီ၊ ဧရာဝတီအသင်း (၄)သင်းသည် အမှတ်ကွာဟချက် နည်းသည့်အတွက် ပွဲစဉ်တစ်ခုနှင့် တစ်ခုအပြီး အမှတ်ပေးဇယားဦးဆောင်သည့်အသင်း ပြောင်းလဲလျက်ရှိသည့်အပြင် ပြိုင်ဆိုင်မှုလည်း ပြင်းထန်လျက်ရှိသည်ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ အသိပေးချ က်အရ သိရသည်။

ပြိုင်ပွဲအား မေလ (၇) ရက်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး (၃) ကျော့စနစ်အရ (3 Round Robin) ပထမအကျော့အား မေ (၇) ရက်မှ ဇွန် (၁၁) ရက်အတွင်း Week – 7 အထိလည်း ကောင်း၊ ဒုတိယအကျော့အနေဖြင့် ဇူလိုင်(၁၇)ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း Week -7 အထိလည်း ကောင်း၊ တတိယအကျော့အား စက်တင်ဘာ (၆) ရက်မှ နိုဝင်ဘာ (၅) ရက်အတွင်း Week – 7 အထိ လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း (၂)သင်း ထပ်တိုးယှဉ်ပြိုင်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here