မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဖြစ်နိုင်ခြေများကို ညှိနှိုင်း

0
96

မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးနှင့် ပူးတွဲသုတေသနလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဖြစ်နိုင်ခြေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အကြိမ် (၂၀)မြောက် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အာဆီယံဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲကို ဇွန်လ (၇) ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်မာနက်က သဘာပတိအဖြစ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် ဖနောင်ပင်မြို့အခြေစိုက် ပြည်ပသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့သည် ဇွန်လ (၆) ရက်၊ နေ့လယ် (၁) နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HEM Vanndy ဦးဆောင်သော အဖွဲ့အား တွေ့ဆုံခဲ့သေးကြောင်းလည်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် အနာဂတ်တွင် နှစ်နိုင်ငံ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ပူးတွဲသုတေသနလုပ်ငန်းများနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုဖလှယ်ရေးအစီအစဉ် အကောင်အထည်ဖော်ရေးအတွက် ဖြစ်နိုင်ခြေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here