ဓ-ါးစာခံလေးဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောကြား

0
150

ဂါဇာကမ်းမြောင်မှာ ရှုပ်ထွေးတဲ့ နေ့ပိုင်းစစ်ဆင်ရေးတစ်ခုအပြီး စနေနေ့က အစ္စရေးဓ-ါးစာခံလေးဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုခဲ့ပါတယ်။

အသက် ၂၁ ကနေ ၄၀ အကြားရှိ ကယ်ထုတ်နိုင်ခဲ့တဲ့ ဓ-ါးစာခံလေးဦးကို အမည်နဲ့တကွ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပြီး ၎င်းတို့ဟာ အောက်တိုဘာ ၇ ရက်က Nova ဂီတပွဲကနေ ဟားမတ်စ် အကြမ်းဖက်အဖွဲ့ရဲ့ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူတို့လေးဦးလုံး ကျန်းမာရေး အခြေအနေကောင်းမွန်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ဒါဟာ ဂါဇာမှာ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့နဲ့ ၈ လကြာမြင့်လာတဲ့ စစ်ပွဲအတွင်း ရှားရှားပါးပါး ဓ-ါးစာခံ ကယ်ထုတ်နိုင်မှုဖြစ်ခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်က ဂီတပွဲနဲ့ အစ္စရေးတောင်ပိုင်းရှိ အခြားနေရာတွေကို ဟားမတ်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွင်း ဓ-ါးစာခံ ၂၅၁ ဦး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။ လက်ရှိအထိ ဓ-ါးစာခံ ၁၁၆ ဦး ဟားမတ်စ်လက်တွင်း ကျန်ရှိနေသေးတာဖြစ်ပြီး ယင်းတို့ထဲက ၄၀ ဦးဟာတော့ ‌ေ-သဆုံးခဲ့ပြီရဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောဆိုထားပါတယ်။

စနေနေ့ အစောပိုင်းက အစ္စရေးစစ်တပ်ရဲ့ သီးခြားထုတ်ပြန်ချက်တစ်ခုမှာတော့ တပ်ဖွဲ့တွေဟာ Nuseirat နယ်မြေရှိ အကြမ်းဖက်အဖွဲ့ရဲ့ အခြေခံအဆောက်အအုံကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

စနေနေ့က Nuseirat စခန်းအပါအဝင် ဂါဇာအလယ်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး ‌ေ-သဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ ဂါဇာရှိ ဆေးရုံတစ်ရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

Ref: Alarabiya News


LEAVE A REPLY

Please enter your comment!
Please enter your name here