(၅၂) ကြိမ်မြောက် အောင်ဘာလေထီ သိန်းဆုထီဖွင့်ပွဲမှ ထီဆု (၁၄,၀၀၀) နီးပါး ထုတ်ယူရန်ကျန်ရှိနေ

0
458

ပြီးခဲ့သည့် (၅၂) ကြိမ်မြောက် အောင်ဘာလေထီသိန်းဆုထီ ဖွင့်ပွဲမှ ထီဆု (၁၄,၀၀၀) နီးပါး ထုတ်ယူရန် ကျန်ရှိနေသးကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ကြေချက်အရ သိရသည်။

အဆိုပါ အောင်ဘာလေထီသိန်းဆု ထီဖွင့်ပွဲ၌ ကျပ်သိန်း (၅၀၀) တစ်ဆု၊ ကျပ်သိန်း (၂၀၀) နှစ်ဆု အပါအဝင် ဆုမဲ တစ်သောင်းလေး ထောင်နီးပါး လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင် (၁) ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၅၂) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲ၌ ဆုမဲ တစ်သိန်းသုံးသောင်းကျော် ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ တစ်သောင်း လေးထောင်နီးပါးကို လက်ရှိအချိန်ထိ လာရောက်တောင်းခံခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ဆုမဲလက်မှတ်များကို ဇွန်လ (၂၈) ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲရုံးများတွင် တင်ပြကာ ဆုငွေများကို တောင်းခံနိုင်ပြီး အဆိုပါ ရက်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here