ထိုင်းနိုင်ငံတွင် အထောက်ထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာ (၁၀၀)ကျော် ဖမ်းဆီးခံရ

0
181

ထိုင်းနိုင်ငံ၊ ဖယ့်ခရိုင်အတွင်းရှိ အဝေးပြေးကားလမ်းမပေါ်တွင် စာရွက်စာတမ်း အထောက်ထားမပါသည့် မြန်မာနိုင်ငံသား (၁၀၄) ဦး ဖမ်းဆီးမိခဲ့ကြောင်း ထိုင်း လဝက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ (၆) ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မှတဆင့် ဘန်ကောက်ဘက်သို့ ဦးတည်လာသည့် ခရီးသည်တင်ကား (၄)စီးနှင့် လိုက်ပါလာသည့် အထောက်ထားမဲ့ မြန်မာ (၁၀၄) ဦးကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်ဟု ထိုင်း လဝက က သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာ (၁၀၄) ဦးကို ထိုင်းဥပဒေအရ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ လူကု-န်ကူ-းမှု အမှုနှစ်မှုနှင့် တရားစွဲဆိုထားကာ အမှုနှစ်ပေါင်း အနည်းဆုံး ထောင်ဒဏ် (၅)လ ကျခံရနိုင်ကြောင်းလည်း သိရသည်။

အဖမ်းဆီးခံထားရသည့် အထောက်ထားမဲ့ မြန်မာအလုပ်သမားများကို ပြစ်ဒဏ်ကျခံရပြီးနောက် မြန်မာပြည်သို့ နယ်စပ်မှတဆင့် ပြန်လည် ပို့ဆောင်ပေးမည်ဟုလည်း ထိုင်းလဝကက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here