ကင်ဆာရောဂါသည် မိခင်ကို တွေ့ခွင့်ရဖို့ အချိန်မီ လွတ်မြောက်လာခဲ့တဲ့ အစ္စရေးဓ-ါးစာခံ

0
247

ဂါဇာမှာ ၈ လကြာ အဖမ်းအဆီးအထိန်းသိမ်းခံဘဝကနေ ကယ်တင်ခံရပြီး နာရီပိုင်းအကြာမှာပဲ လွတ်မြောက်လာတဲ့ ဓ-ါးစာခံတစ်ဦးဖြစ်သူ နော်အာ အာဂါမနီတစ်ယောက် ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ သူမရဲ့ မိခင်ရှိရာ တဲလ်အဗစ်ဆေးရုံကို သွားရောက်ခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် အာဂါမနီဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသူတွေထဲ မှတ်မိလွယ်ဆုံး မျက်နှာပိုင်ရှင်တွေထဲမှာ ပါဝင်ပါတယ်။ အာဂါမနီဟာ သူမရဲ့ ချစ်သူနဲ့အတူ ဂါဇာနယ်မြေအတွင်း ဖမ်းဆီးခေါ်ဆောင်သွားခံရတာဖြစ်ပါတယ်။

သူမရဲ့ ချစ်သူ အေဗင်နာတန် အော်ကတော့ အခုထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

အစ္စရေး အထူးတပ်ဖွဲ့က စနေနေ့မှာ ဂါဇာအလယ်ပိုင်းရှိ တိုက်ခန်းတွဲ အဆောက်အအုံတစ်ခုကို ဝင်ရောက်စီနင်းခဲ့မှုအတွင်း အခြား ဓ-ါးစာခံ သုံးဦးနဲ့အတူ အာဂမနီလည်း ကယ်တင်ခံခဲ့ရပါတယ်။

“ဒီမှာရှိနေရတာ အရမ်းပျော်ပါတယ်” လို့ ပြန်ရောက်လာချိန် အစ္စရေး သမ္မတနဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုအတွင်း သူမက ပြောခဲ့ပါတယ်။ ယင်းနောက် ဦးနှောက်ကင်ဆာ နောက်ဆုံးအဆင့်ဖြစ်နေတဲ့ မိခင်ဖြစ်သူ Liora ရှိရာ တဲလ်အဗစ် ဆော်ရာစကီ ဆေးရုံကို သူမ သွားရောက်ခဲ့ပါတယ်။

အစ္စရေးတောင်ပိုင်းရှိ လူသ–တ်ကွင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့ ဂီတပွဲတစ်ခုကနေ သမီးဖြစ်သူ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး သိပ်မကြာခင် အောက်တိုဘာလအတွင်း ဒေသတွင်း ရုပ်သံဋ္ဌာနတစ်ခုနဲ့ အင်တာဗျူးမှာ Liora က ဝှီးချဲပေါ်ထိုင်ရင်း ဖြေကြားမှုလုပ်ခဲ့ပါတယ်။ သမီးဖြစ်သူနဲ့ ပြန်လည်ဆုံဆည်းခွင့်ရနိုင်မယ့် အခြေအနေအပေါ် မေးမြန်းရာမှာ Liora က “အနည်းဆုံးတော့ သူမကို ပွေ့ဖက်ခွင့် ရနိုင်ကောင်းပါစေ’ လို့ ပြောဆိုခဲ့ပါတယ်။

ဆေးရုံ စီအီးအိုဖြစ်သူ ရွန်နီ ဂမ်ဇူက မိခင်ဖြစ်သူရဲ့ ရောဂါအခြေအနေဟာ ရှုပ်ထွေး၊ ခက်ခဲတယ်လို့ ပြောဆိုခဲ့ပါတယ်။ အာဂနီအနေနဲ့ မိခင်ဖြစ်သူနဲ့ အဆက်အသွယ်လုပ်နိုင်ခဲ့ပြီး သမီးဖြစ်သူ အိမ်ပြန်ရောက်လာပြီဆိုတာကို သူ နားလည်သိရှိတယ်လို့ ယုံကြည်ကြောင်း ဂမ်ဇူက ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၈ လတာအတွင်း သူမကို ဆက်သွယ်သိရှိနိုင်တဲ့ အနေအထားမှာရှိနေအောင် မိမိတို့ ကြိုးစားထားခဲ့တယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

စစ်ရဟတ်ယာဉ်တစ်စင်းနဲ့ အစ္စရေးကို ပြန်ခေါ်လာခဲ့တဲ့ အာဂနီကို ဖခင်ဖြစ်သူ ယာကော့ဗ်က ပထမဆုံး တွေ့ဆုံခွင့်ရခဲ့ပါတယ်။

“ဒီနေ့က ကျွန်တော့် မွေးနေ့ပါ၊ ဒီလို လက်ဆောင်မျိုး ရလိမ့်မယ်လို့ ကျွန်တော် လုံး၀ ထင်မထားခဲ့ပါဘူး” လို့ သူက ပြောဆိုသွားပါတယ်။

အစ္စရေးအစိုးရ စာရင်းဇယားတွေအရ Nova တေးဂီတပွဲ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း ဟားမတ်စ်အဖွဲ့က လူ ၃၆၀ ကျော်ကို သ–တ်ဖြ–တ်ခဲ့ကာ လူ ၄၀ ခန့်ကို ဓ-ါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

Ref: Aol


LEAVE A REPLY

Please enter your comment!
Please enter your name here