ယူကရိန်းအရေး ပူတင်ရပ်တန့်လိမ့်မည်မဟုတ်–ဘိုင်ဒင်

0
124

ပါရီ၊ဇွန် ၉

ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်းစစ်ပွဲကို ရပ်တန့်မည်မဟုတ်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောကြားခဲ့ပြီး ယူကရိန်းကို ဝါရှင်တန်က ထောက်ပံ့မည် ဟု ကတိပြုခဲ့ကြောင်းသိရသည်။

ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်နှင့် ပါရီ၌တွေ့ဆုံပြီးနောက် သမ္မတဘိုင်ဒင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စကိုဒီအတိုင်းထားလိုက်ရင် ဥရောပနိုင်ငံအားလုံးကို ခြိမ်းခြောက်ခံလာရပါလိမ့်မယ်၊ဒီအတိုင်းလွှတ်ထားလို့မရပါဘူး” ဟုလည်း ဘိုင်ဒင်က ပြင်သစ်ခရီးစဉ်အတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

“အမေရိက အနေနဲ့ ယူကရိန်းဘက်ကနေခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်။ယူကရိန်းပဋိပက္ခ ကနေရှောင်ထွက်သွားမှာမဟုတ်ပါဘူး” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတအီမန်နူရယ်ကလည်း ကမ္ဘာ့နံပါတ်တစ်နိုင်ငံ၏ သမ္မတလည်းဖြစ်သလို ဥရောပမိတ်ဖက်များကို လည်းသစ္စာရှိရှိဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိပါကြောင်းမီဒီယာများရှေ့၌ပြောကြားခဲ့သည်။

ယင်းနောက် သမ္မတဘိုင်ဒင်က “မဟာမိတ်တွေရဲ့ စွမ်းအားတွေနဲ့ အတူတကွရပ်တည်နေမယ်ဆိုရင် အောင်မြင်နိုင်တယ်ဆိုတာကို ကမ္ဘာကို ထပ်မံပြသခဲ့ပြီးပါပြီ” ဟုလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here