တော်ဝင် အသရေဖျက်မှု စွဲချက်တွေအတွက် ရင်ဆိုင်ရန် အသင့်ဖြစ်ပြီဟု ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြော

0
397
Thailand's former prime minister Thaksin Shinawatra walks out from a beauty salon in Bangkok on June 5, 2024. (Photo by Lillian SUWANRUMPHA / AFP)

ဘုရင်စနစ်ကို စေ-ာ်က-ားမှုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေအပေါ် ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ဖြစ်ပြီလို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဘုရင်စနစ်ထောက်ခံသော တပ်က တိုင်ကြားခဲ့တဲ့ အမှုဖြစ်ပြီး ၂၀၁၅ ခုနှစ်က ပြည်ပမီဒီယာနဲ့ သြဇာကြီးသူဋ္ဌေးကြီးရဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး စွဲဆိုခဲ့တာဖြစ်ပါတယ်။ အခြား စွဲဆိုခဲ့တဲ့ အမှုတွေမှာတော့ ကွန်ပျူတာ ရာဇဝတ်မှုတစ်ခုလည်း ပါဝင်ခဲ့ပါတယ်။

ဇွန် ၁၈ ရက်မှာ ရှေ့နေတွေနဲ့ သူ တွေ့ဆုံသွားမယ်လို့ သက်ဆင်က ပြောခဲ့ပေမယ့် အမှုနဲ့ ပတ်သက်ပြီး သူ စိုးရိမ်တာမျိုးတော့ မရှိဘဲ ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

“ဘာမှ မဟုတ်ပါဘူး၊ ဒီအမှုက အခြေအမြစ် မရှိပါဘူး” လို့ သူက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်ကတော့ သူ အမှားအယွင်းမလုပ်ခဲ့ကြောင်း အခိုင်အမာဆိုခဲ့ပြီး သူဟာ ဘုရင်မင်းမြတ်အပေါ် သစ္စာခံတယ်လို့လည်း အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့မှာ အတင်းကျပ်ဆုံး ဥပဒေတွေထဲက တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ တော်ဝင်အသရေဖျက်မှု ဥပဒေအရ ဘုရင်စနစ်အပေါ် ဝေဖန်ပြောဆိုတာတွေကို တားမြစ်ထားပါတယ်။

မကြာခင်နှစ်တွေအတွင်း ဒီဥပဒေအရ တရားစွဲဆိုခံရသူပေါင်း ၂၇၀ ကျော်ရှိခဲ့တဲ့အနက် သူ့ရဲ့ အမှုဟာ အထင်ရှားဆုံး အမှုဖြစ်လာပါတယ်။ ယင်း ဥပဒေအရ တော်ဝင်မိသားစုအပေါ် စော်ကားပြောဆိုသူတိုင်းဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here