ဂါဇာစစ်ပွဲကြောင့် အစ္စရေးကို ကိုလံဘီယာက ကျောက်မီးသွေးတင်ပို့ရောင်းချမှု ရပ်ဆိုင်း

0
128

ဘိုဂိုတာ၊ဇွန် ၉

ကိုလံဘီယာသမ္မတ ဂူစတိုဗာပီထရိုက အစ္စရေးအနေဖြင့် ဂါဇာစစ်ပွဲကိုဆက်လက်ဆင်နွှဲနေမည်ဆိုပါက ကျောက်မီးသွေးတင်ပို့မှုကို ဆိုင်းငံ့ထားဦးမည်ဖြစ်ကြောင်း စနေနေ့ကပြောကြားခဲ့သည်။

အစ္စရေး၏ လူမျိုးတုံ-းသ—တ်ဖြ–တ်မှု မရပ်တန့်မခြင်း အစ္စရေးကို ကျောက်မီးသွေးတင်ပို့မှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သမ္မတက လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်ဟုသိရသည်။

မေလက ဂါဇာ၌ပြုလုပ်ခဲ့သည့် အစ္စရေး၏ စစ်ဆင်ရေးကို လူမျိုးတုံး-သ–တ်ဖြ–တ်မှုဟုယူဆသည့် မစ္စတာပီထရိုသည် ကိုလံဘီယာအနေဖြင့် ဂါဇာပဋိပက္ခ‌ကြောင့် အစ္စရေးနှင့်အဆက်အသွယ်ဖြတ်ကာ ပါလက်စတိုင်းနယ်မြေတွင်ရှိသည့် ရာမာလာတွင် ကိုလံဘီယာသံရုံး ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းက်ု လည်း ကြေငြာခဲ့သည်။

ထို့အပြင် တောင်အမေရိကလုံခြုံရေးတပ်ဖွဲ့များ၏ အဓိကထောက်ပံ့သူဖြစ်သည့် အစ္စရေးက ထုတ်လုပ်သည့် လက်နက်များဝယ်ယူခြင်းကိုလည်း ဘိုဂိုတာက ရပ်တန့်သွားမည်ဖြစ်ကြောင်းကို ပါ ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အစ္စရေး– ဟားမတ်စ်အရေးသည် ယမန်နှစ်အောက်တိုဘာ ၇ ရက် နေ့က ဟားမတ်စ်တို့၏တိုက်ခိုက်မှုအပြီး အစ္စရေးဘက်မှ လူပေါင်း ၁,၂၀၀ ခန့်‌ေ-သဆုံးကာ နောက်ထပ် ၂၅၀ ခန့်ကို ‌ေ-သနတ်သမားများက ဓ-ါးစာခံအဖြစ်ခေါ်ဆောင်သွားခဲ့ရာမှစတင်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုဖြစ်စဉ်အတွက် အစ္စရေး၏ လက်တုန့်ပြန်ထိုးစစ်ကြောင့် ပါလက်စတိုင်း ၃၆,၈၀၁ ကျော် ‌ေ-သဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဌာနမှ တာဝန်ရှိသူများကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here