မက္ကဆီကို၌ ငါးများအစုလိုက်အပြုံလိုက်‌ေ-သဆုံး

0
299

မက္ကဆီကို၊ဇွန် ၉

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းရှိ ချီဟွာဟွာ ပြည်နယ်၌ ငါးများထောင်ချီ၍ ‌ေ-သဆုံးခဲ့ရခြင်းမှာ ပြင်းထန်သည့်မိုးခေါင်ရေရှားမှုကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများကဆိုခဲ့သည်။

အဆိုပါဒေသ၌ မိုးခေါင်ရေရှားမှုသည် ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိပြီး အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးယက်စ်အထက်ရှိခဲ့သဖြင့် အန္တရာယ်ရှိသည့်အနေအထားအထိရေပမာဏလျော့နည်းလာမှုကြောင့် ငါးများ အ နေဖြင့်အသက်ရှူရန်ခက်ခဲလာကာ ‌ယခုကဲ့သို့ အစုလိုက်အပြုံလိုက်‌ေ-သဆုံးရခြင်းဖြစ်ကြောင်း ပြောသည်။

မိုးခေါင်ရေရှားခြင်းသည် မက္ကဆီကိုနိုင်ငံ၏ ၉၀ ရာခိုင်နှုန်းနီးပါးကိုထိခိုက်စေခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ၌ အမြင့်ဆုံးဖြစ်ကြောင်း အစိုးရ၏အချက်အလက်များအရသိရသည်။

၎င်းတို့အနက် ချီဟွာဟွာပြည်နယ်သည် ခြောက်သွေ့မှု အပြင်းထန်ဆုံးအဆင့်ဖြင့် အပူဒဏ်ကို အထူးပြင်းထန်စွာခံစားခဲ့ရသည်။

နေအပူရှိန်ပြင်းထန်မှုကြောင့် ရေနည်းလာချိန်တွင် ရေထုတွင်းရှိညစ်ညမ်းမှုမှာလည်း ပိုမိုဆိုးရွားလာသဖြင့် ငါးများကို‌ေ-သဆုံးသည်အထိဖြစ်စေခဲ့ပြီး ‌စိုက်ပျိုးရေးဖြင့်အဓိကရပ်တည်နေကြရသည့် ဒေသခံများသည် ရေရှားပါးမှုကြောင့် ရွှေ့ပြောင်းနေထိုင်ကြရသည်အထိဖြစ်လာခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here