ပါလက်စတိုင်းလိုလားသူများက ဂါဇာစစ်ပွဲ ရပ်ရန် အိမ်ဖြူတော်ကို တောင်းဆို

0
106
Pro-Palestinian demonstrators march on 17th Street NW near the White House in Washington, DC, on June 8, 2024 to protest against Israel's actions in Gaza. (Photo by Mandel NGAN / AFP)

ဝါရှင်တန်၊ဇွန် ၉

ပါလက်စတိုင်းကို ထောက်ခံသည့်ဆန္ဒပြသူများသည် အိမ်ဖြူတော်ကို ဝိုင်းထားပြီး ဂါဇာ၌အစ္စရေးကပြုလုပ်နေသည့် သွေးထွက်သံယိုဖြစ်ရပ်များအပေါ် အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်က ပြင်းထန်သည့်တုန့်ပြန်မှုမရှိခြင်းအတွက် ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

ဆန္ဒပြသူများသည် အစ္စရေးတပ်ဖွဲ့များကြောင့် ‌ေ-သဆုံးခဲ့ရသည့် ပါလက်စတိုင်းဒေသခံများ၏နာမည်များကိုရေးသားထားသည့် တံခွန်များကိုကိုင်ဆောင်ကာ ကြွေးကြော်သံများရွတ်ဆို၍ ဆန္ဒပြခဲ့ကြသည်။

အမေရိကန်သမ္မတသည် အမေရိက၏အဓိကမဟာမိတ်ဖြစ်သည့် အစ္စရေး၏ ပါလက်စတိုင်းဒေသတွင်းလုပ်ရပ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုမရှိဘဲ ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာလုပ်နေသည့်အတွက် အပြင်းအထန်ဝေဖန်ခံနေရခြင်းလည်းဖြစ်သည်။

ပါလက်စတိုင်းမိဘများမှမွေးဖွားသည့် ဗာဂျီးနားယားဒေသရှိ အသက် ၂၅ နှစ်အရွယ်ဆန္ဒပြသူတစ်ဦးကမူ “ဘိုင်ဒင်ပြောသမျှစကားတိုင်းကို အယုံအကြည်မရှိတော့ဘူး” ဟုလည်းဆိုခဲ့သည်။

အစ္စရေးအနေဖြင့် သမ္မတဘိုင်ဒင်က သတ်မှတ်ထားသည့်ပါလက်စတိုင်းလူထုကိုထိခိုက်စေမည့်ကိစ္စများကို ဆက်လက်လုပ်ဆောင်နေပါက အစ္စရေးထိုးစစ်အတွက် ဆက်လက်ပံ့ပိုးပေးတော့မည်မဟုတ်ဟု ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

အဆိုပါသတ်မှတ်ချက်ကို ဘိုင်ဒင်၏အနီရောင်မျဉ်းဟုခေါ်ဆိုပြီး အစ္စရေးဘက်မှ ယင်းသတ်မှတ်ချက်မျဉ်းကို မကျော်လွန်သေး‌သဖြင့်ထိထိရောက်ရောက်မကိုင်တွယ်သည့်အပေါ် ပါလက်စတိုင်းထောက်ခံသူများက စိတ်ဆိုးဒေါသထွက်ကြခြင်းဖြစ်ကာ က–လေ–းများနှင့်အရပ်သားများထိခိုက်အောင်လုပ်နေခြင်းသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း မဟုတ်တော့ဟုလည်းဆိုခဲ့သည်။

ထိုအရာများကြောင့်ပင် သမ္မတဘိုင်ဒင်၏စကားများသည်ယုံကြည်ဖွယ်ရာမရှိတော့သကဲ့သို့ ၎င်းသတ်မှတ်ထားသည့်အနီရောင်မျဉ်းဆိုသည်မှာလည်း အလိမ်အညာတစ်ခုသာဖြစ်သည်ဟုဆန္ဒပြသူများကဆိုခဲ့ကြသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here