တစ်လအတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်ပဘုရားဖူးဧည့်သည် ၅၀၀၀ ကျော် လာရောက်ဖူးမြှော်ခဲ့

0
368

ပြီးခဲ့သည့် တစ်လတာအတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်ပဘုရားဖူးဧည့်သည် (၅၀၀၀)ကျော်လာရောက်ဖူးမြှော်ခဲ့ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ခရီးသွားဧည့်သည်များမှာ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသားများ အများဆုံးလာရောက်ကြပြီး အမေရိက၊ ဥရောပနှင့် အာဖရိကတိုက်သားများလည်း လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက်ဖူးမျှော်ရာတွင် နိုင်ငံခြား ခရီးသွားဧည့်သည်လာရောက်မှုမှာ တစ်ရက်လျှင် လူဦးရေ (၁၅ဝ) ဝန်းကျင်ရှိပြီး မေလတစ်လတာအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် (၅,၂၉၁) ဦး လာရောက်ဖူးမြော်ခြင်း ဖြစ်သည်။

ထို့ပြင် ရွှေတိဂုံစေတီတော်ကြီးသို့ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှစ၍ နံနက် (၅) နာရီမှ ည (၉) နာရီအထိ ဘုရားဖူးမြော်ချိန်ကိုလည်း တိုးမြှင့်ပေးထားကြောင်း သိရသည်


LEAVE A REPLY

Please enter your comment!
Please enter your name here