ONE တွင် ပွဲဦးထွက် နိုင်ပွဲရထားသည့် ရိုးရာဖိုက်တာ မိုးထက်အောင် ဒုတိယအကြိမ် ထပ်မံ ထိုးသ-တ်မည်

0
180

ONE Championship တွင် ပွဲဦးထွက်အနိုင်ရထားသည့် ရိုးရာဖိုက်တာ မိုက်ထက်အောင်အနေဖြင့် ယခုလဇွန်(၁၄) ရက်တွင် နောက်ထပ်ဂျပန်နိုင်ငံသားတစ်ဦးနှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ရိုးရာဖိုက်တာ မိုးထက်အောင်နှင့် ဂျပန်နိုင်ငံသားဖိုက်တာတို့မှာ (၆၃)ကီလိုတန်းတွင် သုံးမိနစ်ထိုး တစ်မိနစ်နား သုံးချီ စနစ်ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်သည်။

လက်ရှိတွင် ပြိုင်ဘက် ဂျပန်နိုင်ငံသား၏ အမည်ကို ONE ဘက်က အသိပေးခြင်း‌မရှိသေးသော်လည်း ဝိတ်န်းတူး ဖိုက်တာကောင်းတစ်‌ဦးဖြစ်မည်ဟု မျှော်လင့်ထားကြောင့် ရိုးရာလက်ဝှေ့ ဝါသနာရှင်များက သုံးသပ်ထားသည်။

ပြီးခဲ့သည့် မတ်လ (၂၉)ရက် ညပိုင်းတွင် ကျင်းပသည့် One Friday Fight ပွဲစဉ်တစ်ခုတွင် မြန်မာဖိုက်တာ မိုးထက်အောင်သည် ပြိုင်ဖက်ဂျပန်နိုင်ငံသား ဖိုက်တာ မာရုယာမကို အလဲထိုးအနိုင်ရယူထားခြင်းဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ရိုးရာဖိုက်တာ မိုက်ထက်အောင်မှာ အလဲထိုးအနိုင်ယူခဲ့သည့်အတွက် ထိုးကြေးအပြင် ဘောနပ်ဆုကြေး ဘတ် (၃) သိန်းခွဲကိုပါ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်း မတ်လ(၂၉)ရက် ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သံမဏိ စိုးလင်းဦး၏ ပွဲစဉ်လည်း ပါဝင်ခဲ့ပြီး၊ ပွဲစဉ်နှစ်ခုလုံး ပြိုင်ဘက်များအား အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ချက်ထရီက ပေးအပ်သည့်ဘတ်ငွေ သုံးသိန်းခွဲအား ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here