တောင်ငူခရိုင်အတွင်း စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ် ပေါင်း၍ (၂%) အမြတ်ဖြင့်သာ ရောင်းချရန် ညွှန်ကြား

0
310

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း စားသုံးဆီများအား သင့်တင့်သည့်ဈေးဖြင့် ရောင်းချရန် တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဦးမျိုးအောင်မှ အသိပေး ပြောဆိုချက်အရ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်မှ ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား ဇွန်(၈)ရက်၊ နေ့လယ် (၁) နာရီခွဲအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ တွေ့ဆုံစဉ် ညွှန်ကြားပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးဆီဖြန့်ဖြူးနေမှု အခြေအနေများ၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်ပေါင်း၍ (၂ %) အမြတ်ဖြင့် ရောင်းချရန်၊ စားသုံးဆီများကိုသတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချကြစေရန် ပြောကြားခဲ့သည်။

ထို့ပြင် စားသုံးဆီများအား သတ်မှတ်အရေအတွက်နှင့် အလေးချိန် ပြည့်ဝစွာရောင်းချရန်နှင့် စားသုံးဆီများကို ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် တောင်ငူခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက လုပ်ငန်းအခက်အခဲများနှင့် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲသို့ တောင်ငူခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၂ဝ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here