ပြည်ပထွက် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးသင်္ဘောသား (၇၀၀) ကျော်ခန့်ရှိ

0
146

ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက ဖွင်လှစ်သည့် သင်တန်းတက်ရောက်ပြီး သင်္ဘောသားပတ်စပို့ကိုင်ကာ ပြည်ပထွက် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးသင်္ဘောသား (၇၀ဝ) ကျော်ခန့်ရှိကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ (၈) ရက်က ပြုလုပ်သည့် “အမျိုးသမီး သင်္ဘောသားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဟောပြောပွဲ” တွင် ပြောကြားချက်များမှ သိရခြင်း ဖြစ်သည်။

အမျိုးသမီး သင်္ဘောသားများ ဗဟုသုတတိုးပွားစေရန်၊ အပျော်စီး သင်္ဘောနှင့် ခရီးသည်တင် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်မည့် အမျိုးသမီးသင်္ဘောသားများ ဗဟုသုတတိုးပွားစေရန်အတွက် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်က ဦးဆောင်ပြီး “အမျိုးသမီးသင်္ဘောသားများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ” ဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာအမျိုးသမီးအများစုသည် အပျော်စီးသင်္ဘောများပေါ်တွင် ဟိုတယ်ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြပြီး၊ ၂၀၀၆ ခုနှစ်တွင်အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)မှ ရွေ့လျားသွားလာနေသည့် သင်္ဘောများတွင် တာဝန်ထမ်းဆောင်သူ မည်သူမဆို သင်္ဘောသား အလုပ်သမားအဖြစ် သက်မှတ်လိုက်သည့်အတွက် အမျိုးသမီးသင်္ဘောသားများ ဖြစ်လာကြကြောင်း သိရသည်။

ပင်လယ်ကူး သင်္ဘောသားများအနေဖြင့် အခက်အခဲများရှိလာပါက မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်တွင် လာရောက်ဆွေးနွေးတိုင်ပင်နိုင်ကြောင်းနှင့် ဟောပြောပွဲသို့ သင်္ဘောတက်ရောက်ရန် ပြင်ဆင်နေသည့် အမျိုးသမီး(၆၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here