မြောက်ကိုရီးယားနှင့် မြန်မာပွဲစဉ်အား ပရိသတ်ကြည့်ခွင့်မပြုဘဲ တံခါးပိတ်ပွဲစဥ်အဖြစ်သာ ယှဉ်ပြိုင်ကစားမည်

0
497

လာမည့် ဇွန်(၁၁)ရက်တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၊ လာအို အမျိုးသား ဘောလုံးကွင်း၌ ကျင်းပမည့် မြောက်ကိုရီးယားနှင့် မြန်မာလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယင်းပွဲစဉ်အား ပရိသတ်ကြည့်ခွင့်မပြုဘဲ တံခါးပိတ်ပွဲစဉ်ဖြင့်သာ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်နှင့်ပတ်သက်၍ လာအိုဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ထားမှုပေါ် The Laotian Times က သတင်း ဖော်ပြထားခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရမည့်ပွဲစဉ်များကို လာအိုနိုင်ငံက ကြားခံအိမ်ရှင်ကွင်းအဖြစ်လက်ခံကျင်းပပေးနေခြင်းဖြစ်ကာ ဇွန် (၆)ရက်က မြောက်ကိုရီးယားနှင့် ဆီးရီးယားပွဲစဉ်ကိုလည်း လာအိုနိုင်ငံတွင် ကျင်းပခဲ့ပြီး တံခါးပိတ်ပွဲစဉ်အဖြစ်သာ ယှဉ်ပြိုင်ကစားခဲ့ကြရသည်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဝင်ရောက်ခွင့် ခြေစစ်ပွဲအား အာရှဇုန် ဒုတိယအဆင့် အုပ်စုတွင် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီယားနှင့် မြန်မာတို့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး၊ အုပ်စုတွင်းခြေစမ်းပွဲများအရ ဂျပန်အသင်းက နောက်တဆင့်တက်လှမ်းခွင့်ရရန်သေချာနေပြီး မြန်မာအသင်းမှာ အုပ်စုအောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။

ဓာတ်ပုံ-The Laotian Times


LEAVE A REPLY

Please enter your comment!
Please enter your name here