လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်

0
248

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုထားသူများထဲမှ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် စာစစ်ဌာနများမှတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်းဖြင့် အပြီးထုတ်ပြန်ကြေညာသွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို ဇွန် (၁၁) ရက် နံနက် (၆) နာရီတွင် မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ စတင်ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ်မှ ဝိုင်းမော်၊ ဆဒုံး၊ တနိုင်း၊ ရှင်ဖွေယန်၊ ချီဖွေ၊ မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ မိုးကောင်း၊ ပင်းဘော၊ ဖားကန့်၊ ကာမိုင်း၊ ဗန်းမော်၊ မိုးမောက်၊ မြို့သစ်၊ မန်စီ၊ ရွှေကူ၊ ပူတာအို၊ မချမ်းဘောနှင့် နောင်မွန်စာစစ်ဌာန၊ ကရင်ပြည်နယ်မှ လှိုင်းဘွဲ၊ ရွှေဂွန်း၊ ဘုရင့်နောင်တပ်၊ လိပ်သို၊ ကမမောင်း၊ နဘူး၊ ကြာအင်းဆိပ်ကြီးနှင့် မြဝတီစာစစ်ဌာန၊ ချင်းပြည်နယ်မှ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ မင်းတပ်၊ မတူပီနှင့် အထူးအစီအစဉ် အထက(၂) မတူပီစာစစ်ဌာန၊ ရခိုင်ပြည်နယ်မှ သက္ကေပြင်ကုန်း၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တောင်၊ မြင့်ဂါ၊ ဆင်တက်မော်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ကမ်းနီ၊ မြေပုံ၊ ကမ်းထောင့်ကြီး၊ ကျောက်ဖြူ၊ စနဲ၊ ဇင်ချောင်း၊ အမက၊ အစိုးရရပ်ကွက်၊ စစ်တော၊ အထက (၃) ကျောက်ဖြူ၊ အောက်မဒေးကျွန်း၊ ရမ်းဗြဲ၊ ကုန်းဘောင်(၁)၊ ကျောက်နီမော်၊ ဇရပ်ပြင်၊ အမ်း၊ တပ်တောင်၊ သံတွဲ၊ ကျောက်ကြီး၊ ကင်းမော်၊ ငပလီ၊ ဂွ၊ ကျိန္တလီ၊ ဆပ်သွား၊ တောင်ကုတ်၊ ရွာမ၊ အထက(၂) တောင်ကုတ်၊ မာန်အောင်၊ မောင်တော၊ တောင်ပြိုလက်ဝဲနှင့် ဘူးသီးတောင်စာစစ်ဌာနတို့ ပါဝင်သည်။

ထို့ပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းယန်း၊ မက်မန်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်နှင့် မိုင်းယောင်းစာစစ်ဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ တန့်ယန်း၊ မိုင်းရယ်၊ မူဆယ်၊ နမ့်ခမ်းနှင့် သီပေါစာစစ်ဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဖယ်ခုံ၊ ဟိုပုံး၊ ဆီဆိုင်၊ ဘန်းယဉ်၊ ဆိုက်ခေါင်၊ ထမ့်ယမ်း၊ ပင်လောင်း၊ နောင်တရား၊ တီဂျစ်၊ ပင်ခွန်၊ တင်းတက်၊ တလိုင်းမရွာသစ်၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ မိုးနဲ၊ တု န်ဟုန်း၊ မိုင်းရှူး၊ ဝမ်ကန်၊ ကျေးသီးမံစံ၊ မိုင်းနောင်၊ မိုင်းပန်နှင့် မောက်မယ်စာစစ်ဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစု၊ ပုလောနှင့် ဘုတ်ပြင်းစာစစ်ဌာန၊ မကွေးတိုင်းဒေသကြီးမှ စေတုတ္တရာ၊ ငဖဲ၊ ပဒါန်း၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဂန့်ဂေါနှင့် ဟံသာဝတီစာစစ်ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကလေး၊ အင်ဒိုင်းကြီး၊ မင်းကင်း၊ ပန်းဆက်၊ ကလေးဝ၊ တမူး၊ ကန့်ဘလူ၊ ထန်းကုန်း၊ ကျွန်းလှ၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ချောင်းဦး၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ဝန်းသို၊ မော်လိုက်၊ ကင်းတပ်၊ ဖောင်းပြင်၊ ခန္တီး၊ ဟုမ္မလင်း၊ ကတ်သာ၊ မောင်းခမ်း၊ ထမံသီ၊ လေရှီး၊ ပန်ဆပ်၊ ဆွမ္မရာ၊ လဟ ယ်၊ နန်းယွန်းနှင့် ပန်ဆောင်စာစစ်ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းစာစစ်ဌာနတို့ဖြစ်သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြေညာချက်များကို မြန်မာနိုင်ငံအထက်ပိုင်း ဒေသလမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းတို ၅၀ ဒသမ ၇၁ မီတာ ၊ ၅၉၁၅ ကီလိုဟက်ဇ်မှလည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းလတ် ၄၁၁ ဒသမ ၅၂ မီတာ၊ ၇၂၉ ကီလိုဟက်ဇ်မှလည်းကောင်း ဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here