သန်လျင်တံတားသစ် ဖြတ်သန်းခကို ဇွန် (၁၆) ရက်တွင်စတင်ကောက်ခံမည်

0
238

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) မှ ဖြတ်သန်းမည့် ယာဉ်များအား တံတားဖြတ်သန်းခကို ဇွန် (၁၆) ရက်တွင် စတင်ကောက်ခံမည်ဟု နစကသတင်းထုတ်ပြန်ရေးမှတဆင့် သိရသည်။

သန်လျင်တံတားသစ် အသုံးပြုခကောက်ခံနှုန်းထားများအနေဖြင့် အိမ်စီးကား (၃) တန်အောက် တစ်စီးကို (၅၀၀) ကျပ်၊ ခရီးသည်တင်ယာဉ်(ငယ်) ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာ ယာဉ်များအား (၁၀၀၀)ကျပ်၊ မီနီဘတ်စ်၊ ခရီးသည်တင်ယာဉ်(ကြီး) ဟီးနိုး၊ ဟွန်ဒိုင်း ယာဉ်များအား (၂၀၀၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ (၆) ဘီး၊ (၈) ဘီးစသည့် ကုန်တင်ယာဉ်ငယ်များကို (၄၀၀၀) ကျပ် နှင့် တန်ပိုဒဏ်ကြေး (၁၂,၀၀၀) ကျပ်၊ ကုန်တင်ကား(ကြီး) (၁၀) ဘီး၊ (၁၂) ဘီး၊ (၁၄) ဘီး၊ တွဲကားများကို (၁၂,၀၀၀) ကျပ် နှင့် တန်ပိုဒဏ်ကြေး (၂၂,၀၀၀) ကျပ်၊ ကုန်တင်တွဲကား (၁၈) ဘီး၊ (၂၂) ဘီး တွဲကားများအား (၂၂,၀၀၀) ကျပ် နှင့် တန်ပိုကြေး (၆၆,၀၀၀) ကျပ်နှင့် ကုန်မပါ တွဲကားများ ၄၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ပဲခူးမြစ်ကူးတံတား သန်လျင်တံတား (၃)ကို ဇွန် (၈) ရက် နံနက်ပိုင်းတွင်
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး ယင်းနေ့၌ပင် ကားအစီးရေ ၁၃,၀၀၀ နီးပါး ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here