ရန်ကုန်ရွှေအသင်းက သတ်မှတ်ရွှေဈေးနှုန်းကို (၁) သိန်းကျော် လျှော့ချသတ်မှတ်၊ ဈေးကွက်အတွင်းအရောင်းအဝယ်အေးနေ

0
323

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က နေ့စဉ် သတ်မှတ်ပေးနေသည့် အခေါက်ရွှေဈေးနှုန်းကို တစ်သိန်းကျော်လျှော့ချကာ ကျပ် ၄၆၅၅၀၄၇ သိန်းဖြင့် ဈေးဖွင့် သတ်မှတ်ပေးထားသည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရမည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းကို တစ်ရက် (၃) ကြိမ် ပုံမှန်ထုတ်ပြန်ပေးနေပြီး ယမန်နေ့ ဇွန်(၉) ရက်ညနေပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ၄၇၉၃၁၀၀ ကျပ်ဖြင့် အပိတ်ဈေးနှုန်း သတ်မှတ်ပေးထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် လကုန်ပိုင်းအထိ ပြည်တွင်းရွှေဈေးနှုန်းအဆမတန်မြင့်တက်ခဲ့ပြီး တစ်ကျပ်သား (၅၉) သိန်းဝန်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့သည်။

ယင်းကဲ့သို့ ရွှေဈေးများ စံချိန်တင်မြင့်တက်မှုများနှင့် ပတ်သက်၍ ရွှေလုပ်ငန်းရှင်အချို့နှင့် ရွှေဆိုင်ပိုင်ရှင်အချို့ကို ဖမ်းဆီးစစ်ဆေးခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ရွှေဆိုင်များအား အသင်း၏ ရည်ညွှန်းဈေးနှုန်းအတိုင်းသာ အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်။

သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်ရွှေအသင်းက ဇွန်လ (၅) ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

လက်ရှိတွင် ‌ပြင်ပရွှေဈေးကွက်အတွင်း အချို့ဆိုင်များတွင် အခေါက်ရွှေအရောင်းအဝယ် နားထားသည့်အပြင် အများစုတွင် အရောင်းအဝယ်အေးနေကြောင်းလည်း စုံစမ်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here