မွန်တိုင်းရင်းသား ကျောင်းသားတစ်ဦး ထိုင်းနိုင်ငံအဆင့် သိပ္ပံပညာရပ်ဆိုင်ရာ
ရွှေတံဆိပ်ဆုရရှိ

0
317

မြန်မာနိုင်ငံရွေ့ပြောင်းလုပ်သား မိဘနှစ်ဦးက မွေးဖွားခဲ့သည့် မွန်လူမျိုးကျောင်းသား တစ်ဦးဖြစ်သူ ချစ်မင်းကိုကို သည် ထိုင်းနိုင်ငံအဆင့် သိပ္ပံပညာရပ်ဆိုင်ရာ ရွှေတံဆိပ်ဆုကို
ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယခုလ ဇွန်(၈)ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ King Moungkuts Unitersity Technology က ကျင်းပ ပြုလုပ်သည့် နိုင်ငံ့ခရိုင်အဆင့် လက်ရွေးစင်ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ရသည့် သိပ္ပံပညာရပ်ဆိုင်ရာ ပြိုင်ပွဲတွင် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေတံဆိပ်ဆုမှာ ထိုင်းနိုင်ငံအတွင်း သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာဆည်းပူးလျှက်ရှိသော ကျောင်းသားတိုင်း၏ အိမ်မက်တစ်ခုဖြစ်သည်ဟု ဆုရရှိသူ ချစ်မင်းကိုကို က VOA သတင်းဌာနကို ပြောကြားထားသည်။

ချစ်မင်းကိုကိုအား မြန်မာရွေ့ပြောင်းလုပ်သား မိဘနှစ်ဦးက ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်က ရွေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ပေးထားသော ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငမြို့ရှိ ကျောင်းတွင်ပညာဆည်းပူးသင်ယူခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းသည် ရွေ့ပြောင်းလုပ်သားများ၏ သားသမီးများအတွက် ဖွင့်လှစ်ထားသော ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း(FED)က ဖွင့်လှစ်ထားသည့် ရွေ့ပြောင်းမြန်မာကလေးများ အထက်တန်းကျောင်း (ULC)တွင် အဌမတန်းအဆင့် အောင်မြင်ခဲ့ပြီးနောက် ထိုင်းအစိုးရက ဖွင့်လှစ်ထားသည့် ဖန်ငမြို့အထက်ကျောင်းတွင် သိပ္ပံနှင့် သင်္ချာဘာသာရပ် (၁၂) တန်းအား တက်ရောက် သင်ကြားလျှက်ရှိကြောင်း သိရသည်။

ချစ်မင်းကိုကိုအနေဖြင့် အနာဂတ်တွင် သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးဖြစ်လာရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရပြီး ထိုင်းနိုင်ငံပညာရေးဆိုင်ရာ ဥပဒေအရ မည်သည့် နိုင်ငံသားဖြစ်စေ တရားဝင်နေထိုင်သူနှင့်၊ တရားမဝင်နေထိုင်သူများအတွက် ကျောင်းနေအရွယ် က-လေ-းငယ်များအား အ ခြေခံပညာရေးအား(၁၅)နှစ် အထိသင်ကြား ခွင့်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here