ဂါဇာရှိ အရပ်သားများကို ကာကွယ်ရန်အတွက် အစ္စရေးပိုမိုဆောင်ရွက်ရန် ပြင်သစ်နှင့် အမေရိကန်တို့က တိုက်တွန်း

0
354

ပါရီနှင့် ဝါရှင်တန်တို့က အစ္စရေးအား ဂါဇာကမ်းမြောင်ဒေသတွင် ၎င်း၏ စစ်ရေးစစ်ဆင်ရေးအတွင်း အရပ်သားများကို ကာကွယ်ရေးအပေါ် ပိုမိုဆောင်ရွက်ပါရန် ပြင်သစ်နှင့် အမေရိကန်တို့က အစ္စရေးအား တောင်းဆိုခဲ့ကြောင်း၊ စနေနေ့က Elysee နန်းတော်၌ အစည်းအဝေးအပြီး ပြင်သစ်သမ္မတ မိုက်ခရွန်က ပြောကြားခဲ့သည်။

ဂါဇာရှိ ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် ၎င်းတို့၏ အလေးအနက်စိုးရိမ်မှုကို ထပ်လောင်းပြောကြားခဲ့ပြီး အရပ်သားပြည်သူများထံ အရေးကြီးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတိုင်းအတာတစ်ခုအထိ ပေးအပ်သွားရန်နှင့် ဂါဇာသို့ လမ်းကြောင်းအားလုံးမှ လူသားချင်းစာနာထောက်ထားမှု ကင်းရှင်းစွာ ဝင်ရောက်နိုင်ရေးအတွက် လိုအပ်ကြောင်းကိုလည်း ပြင်သစ်နှင့် အမေရိကန် သမ္မတနှစ်ဦးက ထပ်လောင်း ပြောကြားခဲ့ကြောင်း၊ ပါလက်စတိုင်းအရပ်သားများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများအားလည်း ထိရောက်စွာကာကွယ်ရန် အစ္စရေးက ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သမ္မတနှစ်ဦးသည် ၎င်းတို့၏ ကတိကဝတ်များကို ကြေငြာခဲ့ပြီး “ဂါဇာစစ်ရေး အရှိန်မမြှင့်ရန်နှင့် ဒေသတွင်း ရုန်းရင်းဆန်ခတ်မှုများကို ရှောင်ရှားရန် ၎င်းတို့၏ ပူးပေါင်းကြိုးပမ်းမှုများ” ကို ကြေငြာခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဇွန် ၆ ရက်မှ ၇ ရက်အထိ နော်မန်ဒီတွင် ကျင်းပဲ့သည့် D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ၎င်း၏ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ ဖိတ်ကြားချက်အရ ဇွန်လ ၅ ရက်က ပြင်သစ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ဘိုင်ဒင်၏နိုင်ငံတော်ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သမ္မတနှစ်ဦးသည် စနေနေ့တွင် တရားဝင်တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here