၂၀၂၃ – ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အင်းစိန်ဗဟိုအကျဥ်းထောင်မှ ဖြေဆိုသူ (၇) ဦးစလုံးအောင်မြင်ပြီး (၁) ဦးမှာ ဝိဇ္ဇာတွဲဖြင့် တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးဖြစ်

0
323

ပြီးခဲ့သည့် မတ်လတွင် ကျင်းပခဲ့သည့် ၂၀၂၃ – ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဥ်းထောင်မှ ဝင်ရောက်ဖြေဆိုသူ (၇) ဦးရှိခဲ့ပြီး ဖြေဆိုသူအားလုံး ရာနှုန်းပြည့်အောင်မြင်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် (၇) ဦးအနက် (၁) ဦးမှာ ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး တတိယ အမှတ်အများဆုံး ရရှိခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဥ်းထောင်မှ အကျဥ်းသား၊ အကျဉ်းသူ (၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၄) ဘာသာ ဂုဏ်ထူးဖြင့် (၁) ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့် (၄) ဦး၊ (၂) ဘာသာဂုဏ်ထူးဖြင့် (၂) ဦး စုစုပေါင်း ၇ ဦးလုံး (၁၀၀% ) ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၄-ခုနှစ်၊ ဧပြီလနှင့် မေလများတွင် အထူးအစီအစဉ်အနေဖြင့် ကျင်းပပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများ၌ ယနေ့နံနက် (၆) နာရီတွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here