ရုရှားနှင့် ဆက်ဆံသည်ဟု အစွပ်စွဲခံထားရသော တရုတ်ဘဏ်ငယ်များကို G7 နိုင်ငံများက သတိပေးရန် စီစဉ်နေဟုဆို

0
226

ဇွန် ၁၃ ရက်မှ ၁၅ ရက်အထိ အီတလီနိုင်ငံ၌ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် G7 ခုနစ်နိုင်ငံအုပ်စုသည် ရုရှားနိုင်ငံနှင့် ဆက်စပ်မှုများကြောင့် တရုတ်ဘဏ်ငယ်များအား သတိပေးချက် ထုတ်ပြန်ရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

“အီတလီမှာ ဇွန်လ ၁၃ ရက်ကနေ ၁၅ ရက်အထိ ဝန်ကြီးချုပ် Giorgia Meloni က လက်ခံကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲမှာ ခေါင်းဆောင်တွေဟာ ယူကရိန်းမှာ တရုတ်-ရုရှား ကုန်သွယ်ရေး အရှိန်မြှင့်လာနေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ အာရုံစိုက်ဖို့ သူတို့ရဲ့ သီးသန့်အစည်းအဝေးတွေမှာ ဆွေးနွေးကြပါတယ်”ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးမှုများအရ တရုတ်ဘဏ်များနှင့် ပတ်သက်သည့် ကိစ္စရပ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက် ထွက်ပေါ်လာဖွယ် ရှိကြောင်း၊ ဆွေးနွေးပွဲများစီစဉ်ရာတွင် ပါဝင်သည့် အမေရိကန် အရာရှိ တစ်ဦးနှင့် အခြားသူတစ်ဦးမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ရေးသားထားသည်။

အမေရိကန်အစိုးရသည် ရုရှား၏ စစ်ရေး-စက်မှုဆိုင်ရာ ကိစ္စများတွင် ပေကျင်း၏ ပံ့ပိုးကူညီမှုနှင့်ပတ်သက်၍ တရုတ်ကုမ္ပဏီများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်နိုင်သည်ဟု အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်က မေ ၃၁ ရက်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here